Wave + Flow = WOW
စီးပွားရေး အခွင့်အလမ်း
လှိုင်းတွေက တစ်ခုပြီးတစ်ခုလာတယ်။
ဒီလှိုင်း Wave တွေက
ကိုယ်လုပ်နေတဲ့၊
ပြင်ဆင်နေတဲ့၊
လေ့ကျင့်နေတဲ့၊
ကျွမ်းကျင်နေတဲ့၊
ကိုယ်နဲ့တစ်သားတည်းကျ၊
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အလုပ်
Flow နဲ့ ဆုံမိတဲ့အခါ
ထင်မှတ်မထားတဲ့ အံ့အားသင့်လောက်အောင်
အောင်မြင်နိုင်မှု Wow ဖြစ်တယ်။
ဒီနေ့ခေတ် စီးပွားရေးမှာ
အောင်မြင်တဲ့ ဘယ်သူ့ကို မဆို
ဒါနဲ့ ကြည့်လို့ရတယ်။
အခွင့်အလမ်းတွေ့မှ ထလုပ်ကြရင်
အခွင့်အလမ်းရှိတုန်းခဏပဲရမယ်။
ရေရှည်လှိုင်းကို စီးသွားနိုင်မှာ မဟုတ်ဘူး။
Xiaomi ရဲ့ Lei Jun ကို ကြည့်။
စမတ်ဖုန်းတွေ ခေတ်မစားခင်
Kingsoft မှာ ၁၆ နှစ် အတွေ့အကြုံယူလေ့ကျင့်ခဲ့တယ်။
Bytedance ကိုကြည့်
AI တစ်ခေတ်မလာခင်ကတည်းက ပြင်ဆင်နေတယ်။
သူ့အရင် မျိုးဆက်ဖြစ်တဲ့
Alibaba ကိုကြည့်ရင်
ခေတ်ဦးကတည်းက China Yelllow Page လို
ကုန်ပစ္စည်းတွေနဲ့ ပြင်ဆင်လေ့ကျင့်နေတာတွေ့လိမ့်မယ်။
အနောက်တိုင်းမှာဆို
Bill Gates အနေနဲ့ Lakeside ကျောင်းမှာကတည်းက
programming လုပ်နေပြီ၊
တစ်ကိုယ်ရည်သုံးကွန်ပြူတာလှိုင်းလုံးကြီးလာတဲ့အခါ
ကွက်တိပဲ။
Wave ကိုလဲကြည့်၊
Flow ကိုလဲ မိနေဖို့လိုတယ်လို့မြင်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay