အလုပ်ဆိုတာ ဘဝပဲ။
အလုပ်ဆိုတာ ပိုက်ဆံတစ်ခုထက်ပိုတယ်။
အဲ့လိုပဲခံယူတယ်။
ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ
ဖော်ပြတာ အလုပ်ပဲ။
လူတစ်ယောက် အလုပ်ပေါ်ထားတဲ့
စိတ်နေသဘောထားကြည့်ရင်
အဲ့လူအကြောင်း အကြမ်းဖျင်းသိနိုင်တယ်။
အလုပ်လုပ်တဲ့အခါ
ဒီထက်ပိုကောင်းတဲ့ရွေးချယ်စရာအလုပ်မရှိရင်
ဒီအလုပ်ကို အကောင်းဆုံးလုပ်။
ပိုကောင်းတဲ့ ရွေးချယ်စရာရှိရင် ရွေး။
အလုပ်ဆိုတာ money အပြင်
ဘဝရဲ့ အဓိပ္ပာယ် meaning နဲ့လဲဆိုင်တယ်။
ကိုယ့်မှာ တခြားအကန့်တွေရှိသေးတာမှန်တယ်။
အဲ့ထဲမှာ အလုပ်ကို ဘဝလိုတန်ဖိုးထားဖို့လိုတယ်။
အလှူအတန်းလုပ်တာ၊ စိတ်ကောင်းရှိ
ကူညီတတ်တာ ကောင်းတယ်။
ကိုယ့်အလုပ်ကိုယ် သိတတ်တာဝန်ယူ
အကောင်းဆုံးလုပ်နိုင်တာ ပိုကောင်းတယ်။
ဘဝမှာ reason နဲ့ result တစ်ခုပဲရတယ်။
အလုပ်မရှိရင် မေမေ့အိမ်က
တင်ကျွေးထားလိမ့်မယ်စိတ်
ဖျောက်ဖို့လိုနိုင်တယ်။
Phyo Paing @ Derek