Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Most Popular Posts

အရေးအကြီးဆုံးက အချစ်ရေးမှာ
value တန်ဖိုးထားမှုတူဖို့ထက်
တန််ဖိုးထားမှု compatible ဖြစ်ဖို့
ကိုက်ညီဖို့လိုတယ်။

သံသရာတစ်ကွေ့ ဒီတစ်နေ့က
အနာဂတ်ကိုသယ်သွားနိုင်တဲ့
ပါရမီတစ်ခုခုတော့ ဖြည့်ခဲ့ဖို့လိုနိုင်တယ်။

my lifework

competitive advantage

ပြိုင်ဖက်တွေ လုံးဝလိုက်မယှဥ်နိုင်တဲ့
ကိုယ့်လုပ်ငန်းရဲ့
“ပြိုင်တိုင်းနိုင်နိုင်တဲ့”
competitive advantage က ဘာလဲ။

လုပ်ငန်းသေးသေးကြီးကြီး
“ပြိုင်တိုင်းနိုင်နိုင်တဲ့”
competitive advantage လိုတယ်။

တချို့အတွက်
အရင်းအနှီးအများကြီးရှိတာဖြစ်ရင်ဖြစ်မယ်။
တချို့အတွက်
လုပ်ငန်းနှံ့စပ်မှုကျွမ်းကျင်တာဖြစ်ရင်ဖြစ်မယ်။
တချို့အတွက်
အဆက်အသွယ် အချိပ်အဆက်
ကောင်းတာဖြစ်ရင်ဖြစ်မယ်။
တချို့အတွက်
စျေးကွက် အနံ့ခံ ကောင်းတာဖြစ်ရင်ဖြစ်မယ်။
တချို့အတွက်
အိုင်ဒီယာအသစ်တွေနဲ့ စိတ်ဝင်စားအောင်
လုပ်နိုင်တာ ဖြစ်ရင်ဖြစ်မယ်။
တချို့အတွက်
ဝန်ထမ်းကောင်းတွေကိုယ်နဲ့တစ်သားတည်းရှိအောင်
လုပ်ဆောင်နိုင်တာ ဖြစ်ရင်ဖြစ်မယ်။
တချို့အတွက်
စည်းစနစ်ကောင်းတာဖြစ်ရင်ဖြစ်မယ်။
တချို့အတွက်
ကုန်ကျစရိတ်ချွေတာနိုင်တာ ဖြစ်ရင်ဖြစ်မယ်။

ကိုယ်”ပြိုင်တိုင်းနိုင်နိုင်တဲ့” အားကို
ကိုယ့်ကိုယ်ကိုယ်သိဖို့လိုတယ်။
ကိုယ့်ဖောက်သည်တွေ သိဖို့လိုတယ်။

ဒီကမှ တဆင့် မီဒီယာအားကိုသုံး
အလားအလာရှိတဲ့ဖောက်သည်တွေသိဖို့လိုတယ်။
သိပြီးဝယ်အောင်လုပ်ဖို့လိုတယ်။

ပြိုင်တိုင်းနိုင်နိုင်တဲ့အားနဲ့
စီးပွားရေးစီမံခန့်ခွဲမှုအားနဲ့ပေါင်းနိုင်ဖို့လိုတယ်။

နိစ္စဓူဝလည်ပတ်တဲ့ စီမံခန့်ခွဲမှု၊
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ
အပြောင်းအလဲကြောင့်ဖြစ်ပေါ်လာတဲ့
စျေးနှုန်း၊ လည်ပတ်မှု၊ မားကတ်တင်း၊
အုပ်ချုပ်မှုအပြောင်းအလဲအတွက်
အပြောင်းအလဲ စီမံခန့်ခွဲမှုလိုတယ်။

တိုက်ရိုက် မပြိုင်ဘဲ နိုင်အောင်လုပ်ချင်ရင်
ပြိုင်တိုင်းနိုင်နိုင်တဲ့ အားသုံးပါ။

Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​