လူတွေကို ပုံသွင်းဖို့
ပုံစံခွက်လိုတယ်။
ကျောင်း၊ အလုပ်၊
အသိုင်းအဝိုင်း၊
ယဥ်ကျေးမှုနဲ့ ထုံးတမ်းစဥ်လာ၊
အယူအဆ၊ ယုံကြည်မှု
ပုံစံခွက်မကြိုက်ရင်
ပုံသွင်းမခံနဲ့။
ပုံစံခွက်ထဲက တွေးနည်း၊
ပုံစံခွက်ထဲက ယုံကြည်မှု၊
ပုံစံခွက်ထဲက မေးခွန်း၊
ပုံစံခွက်ထဲက ကြံစည်ပုံ၊
ပုံစံခွက်ထဲက လုပ်ဆောင်ပုံ။
ပုံစံခွက်ထဲက ပုံသွင်းခံရတဲ့
အိုးပုတ် ချိုးရုပ် လေးဖြစ်မှာ
မလိုလားတဲ့သူတွေ အနေနဲ့
ကိုယ်မကြိုက်တဲ့ အတွေး၊
ကိုယ်အထင်မကြီးတဲ့ ယုံကြည်မှု၊
ကိုယ့်ကိုရင်ခုန်စေတဲ့ ဘဝနေထိုင်မှုတွေနဲ့
ပုံသွင်းမခံနဲ့။
Phyo Paing @ Derek