သူများအတွက်တော့မသိဘူး။
ကိုယ့်အတွက်တော့
ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲရတာ
အခက်ခဲဆုံးပဲ။
ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း
စီမံခန့်ခွဲနိုင်ရင်
စည်းကမ်းရှိအောင်လုပ်လို့ရတယ်။
ကိုယ်တွေးချင်တဲ့အတွေး
တွေးခိုင်းလို့ရတယ်။
ကိုယ်တတ်စေချင်တဲ့ ပညာတွေ
လေ့လာခိုင်းလို့ရတယ်။
ကိုယ်လိုချင်တဲ့ အပြုအမူထည့်ပေးလို့ရတယ်။
ကိုယ့်မှာရှိတဲ့ နတ်ဆိုးက
ကိုယ့်ကို ထိန်းချုပ်တာနည်းသွားမယ်။
လူတိုင်းမှာ နတ်ဆိုးရှိတယ်။
တချို့က ဒါကို အမှောင်ဖက်ခြင်း
dark side လို့ခေါ်တယ်။
ဒီ နတ်ဆိုးနဲ့ ချစ်ကြည်ရေးယူပြီး
သူလိုချင်တာကို ကိုယ်လိုချင်တာနဲ့
တူညီဖို့ ဖျောင်းပြရတာ မလွယ်ဘူး။
နတ်ဆိုးက ပျင်းစေချင်တယ်။
ဘဝကို ဖြစ်သလို နေစေချင်တယ်။
အကြောက်တရားတွေ ဝင်စေချင်တယ်။
လောဘတွေကြီးစေချင်တယ်။
အားငယ်စေချင်တယ်။
မနာလိုမှုကို ဖြစ်စေချင်တယ်။
ကိုယ့်အတ္တကိုထိတာနဲ့
အမှုန့်ချေစေချင်တယ်။
ဘဝက နတ်ဆိုးကို
လူကောင်းသူကောင်းဖြစ်အောင်
ဖျောင်းပြနားချ ပြုပြင်ရတာမလွယ်ဘူး။
ဒါက တစ်ဘဝလုံးရဲ့ ခရီးစဥ်ပဲ။
အဲ့ဒီ မာရ်နတ် ကိုကျော်နိုင်တဲ့
အရည်အချင်းရှိမှ
ဘဝက ကြိုးကိုင်ခြင်းမခံရမှာ။
Phyo Paing @ Derek