Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

3 M

လူတိုင်းအတွက် အသုံးကျချင်မှ
ကျလိမ့်မယ်။

ကျွန်တော့်အတွက်တော့ အသုံးကျပြီး
ကိုယ့်အတွက်ကိုယ် ထုတ်ထားတဲ့
ဘဝကို အထာကျကျနေဖို့
ဘဝတည်ဆောက်ရေး 3M
conceptual framework လေးအကြောင်း
ပြောပြချင်တယ်။

၁။ Mastery
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု

ဘဝမှာ လမ်းမပျောက်ဖို့
ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ထုတ်ပြလိုက်ရင်
လူတွေ wow ခနဲဖြစ်သွားတဲ့
magic လိုတယ်။
ဒီလို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုကို
Mastery လို့ခေါ်ပါတယ်။
ဒီစာလေးကို ဖတ်နေတဲ့သူမှာ၊
လူတိုင်းမှာ စူပါပါဝါရှိပြီးသားဖြစ်ပါတယ်။
ဒါကို သိအောင်ရှာဖွေဖို့နဲ့
ပျိုးထောင်ရင် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့
Mastery တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

၂။ Marketing
မားကတ်တင်း

တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ အလုပ်ရှိပြီး
ငွေကြေး ချို့တဲ့တဲ့ဘဝ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ကျွန်တော်တို့လိုနိုင်ငံမှာပါ။

ဒီလို မဖြစ်ဖို့အတွက်
ကိုယ့်ဖန်တီးမှု၊
ကိုယ့်ကျွမ်းကျင်မှုကို လူတွေအားပေးဖို့လိုပါတယ်။
ကိုယ့်ကို မသိသေးတဲ့ သူစိမ်းတွေကို သိအောင်၊
သိတဲ့သူတွေကို ဝယ်အောင်၊
ဝယ်တဲ့သူတွေကို ထပ်ဝယ်အောင်၊
ထပ်ဝယ်ထားတဲ့သူတွေ အမာခံပရိသတ်ဖြစ်ပြီး
တဆင့်စကားတဆင့်နား ပြန်ပြောအောင်
လုပ်ဆောင်တာကို မားကတ်တင်းလို့
အကြမ်းဖျင်းမှတ်သားလို့ရပါတယ်။

တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုရှိပြီးရင်
မားကတ်တင်း ကျွမ်းကျင်ရင်
“ဝင်ငွေ” ဖန်တီးလို့ရနိုင်ပါတယ်။

ဒီနေ့ခေတ်မှာ လူမှုကွန်ယက်တွေဖြစ်တဲ့
Facebook, Tik Tok, Instagram,
Youtube, Linkedin အစရှိတဲ့
ပလက်ဖောင်းတွေရှိတဲ့အတွက်
မားကတ်တင်းလုပ်ရတာ အရင်ထက်
အင်မတန်လွယ်ကူလာတယ်လို့ ဆိုရပါမယ်။

၃။ Management
စီမံခန့်ခွဲမှု

တစ်သက်လုံး အလုပ်မလုပ်နိုင်ပါဘူး။
ဖျားနိုင်တယ်။
နာမကျန်းဖြစ်နိုင်တယ်။
အိုနိုင်တယ်။
အားမငှားရင် မချမ်းသာနိုင်ပါဘူး။
အားငှားတာကို leverage လို့ခေါ်ပါတယ်။

ချမ်းသာတဲ့သူတွေဟာ
တခြားသူတွေရဲ့ အချိန်၊
တပါးသူတွေရဲ့ ကျွမ်းကျင်မှု၊
တပါးသူတွေရဲ့ ငွေ
အစရှိတဲ့ အားငှားပြီး
ရလဒ် “ပို” ကောင်းအောင်လုပ်နိုင်ပါတယ်။

ဒီလို လုပ်နိုင်ဖို့ လုပ်တွေအသုံးပြုပြီး
အလုပ်တွေပြီး ရလဒ်ကောင်းတွေရအောင်
လုပ်နိုင်တာကို စီမံခန့်ခွဲမှုလို့ခေါ်ပါတယ်။
ရလဒ်ကောင်းတွေရဖို့
လူနဲ့ စနစ်ပေါင်းပေးဖို့လိုပါတယ်။
ဒါကို “getting things done through people” လို့
ခေါ်ပါတယ်။

တစ်သက်လုံး ကိုယ်တိုင်အလုပ်လုပ်မှ
ထမင်းစားရတဲ့ဘဝကို ကျော်လွှားဖို့အတွက်
ကိုယ်ပါပါ၊ မပါပါ လည်ပတ်တဲ့လုပ်ငန်း
တည်ဆောက်ထားဖို့လိုနိုင်ပါတယ်။

ကိုယ့်ရဲ့ နေ့စဥ် လည်ပတ်မှုမှာ
ကိုယ်မပါဘဲလည်ပတ်နိုင်ရင်
ခရီးသွားလို့ရမယ်။
အားလပ်ချိန်တွေ ပိုရှိနိုင်ပါမယ်။

ဒီ “3M” ကိုတော့ ဘဝတည်ဆောက်ရေး
Toe Tet Wealth Triangle လို့ပေးထားပါတယ်။

အစမှာပြောခဲ့သလို
လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်ပါလိမ့်မယ်။
အသုံးဝင်နိုင်တဲ့သူတွေအတွက်
မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​