လုပ်ငန်းတိုင်းအတွက်
အချိန်ကောင်းဆိုတာရှိတယ်။
ဒီအချိန်ကောင်းတွေက
တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။
ဒီအချိန်ကောင်းမှာ
ပေးလာတဲ့ အခွင့်အလမ်းကို
ရယူနိုင်စွမ်းရှိဖို့ ကြိုတင်ပြင်ဆင်ကြတယ်။
ဒီအချိန်ကောင်းအတွက်ပြင်ဆင်တာကို
Timing တွက်တယ်လို့ခေါ်ကြတယ်။
ဒီအချိန်ကောင်းက
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊
နည်းပညာ၊ သဘာဝပတ်ဝန်းကျင်
အပြောင်းအလဲပေါ်မူတည်ပြီး
ဖြစ်နေ၊ ပျက်နေတယ်။
ဆိုလာရောင်းတဲ့သူတွေအတွက်
ရာသီဥတုပူပြီး၊
မီးမလာ ပစ္စည်းတင်သွင်းရခက်တဲ့အချိန်
ရောင်းစရာပစ္စည်းအလုံအလောက်ရှိထားတာဖြစ်နိုင်သလို၊
အိမ်တော်တော်များများ ဆိုလာတပ်ပြီး
လိုင်းလုံးပြီးသွားမှဆို တမျိုးဖြစ်သွားနိုင်တယ်။
လုပ်ငန်းတိုင်းက ဒီ Timing အတွက်
အန္တရာယ်တွေကို နားစွင့်၊
ဖြစ်နိုင်မည့်အခြေအနေတွေကြားက
ရလဒ်ကောင်းတွေရအောင်၊
အန္တရာယ်တွေနည်းအောင်ပြင်ဆင်ကြတယ်။
ဒါကို Strategic Planning လို့ခေါ်တယ်။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay