နေ့စဥ် အရေးအကြီးဆုံးက
“အာရုံ စီမံခန့်ခွဲမှု”။
ဒီနေ့ခေတ် အလုပ်က
ကိုယ်ကာယသုံးရတဲ့အလုပ်
တဖြည်းဖြည်း နည်းလာပြီ။
အလုပ်ရဲ့သဘောတရားအဆင့်မြင့်လာလေ
ဦးနှောက်ပိုသုံးလာရလေ။
ဒီလို ဦးနှောက်သုံးတဲ့ အလုပ်လုပ်ဖို့
အာရုံကို ဘယ်နားစိိုက်ရမယ်၊
ဘာကို လျစ်လျူရှုရမယ် အရေးကြီးတယ်။
လူကို အာရုံထွေပြားစေမည့်အရာတွေ
ရှောင်ရှားဖို့လိုတယ်။
အာရုံကို အရေးပါတဲ့အရာတွေမှာ
အာဏာကုန်ထည့်ဖို့လိုတယ်။
အရေးမပါတာတွေကို
အရာမပေးပါနဲ့။
Phyo Paing @ Derek