မနက်ရောက်တိုင်းမေးဖြစ်တယ်။
ဒီနေ့ရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။
ဘာတွေပြီးသွားရင်
ဒီနေ့တစ်ရက် အကျိုးရှိရှိ၊
အဓိပ္ပာယ်ရှိရှိပြီးသွားတယ်လို့သိနိုင်မလဲ။
လောကမှာ ကိုယ်ထိန်းချုပ်လို့
မရတာအများကြီးပဲ။
ကိုယ်ထိန်းချုပ်လို့ရတာ
တစ်ရက်တာကို ဘယ်လို ကုန်ဆုံးမလဲ။
ဘာတွေကို အာရုံစိုက်မလဲ။
ဘာတွေကို လုပ်ဆောင်မလဲ။
တစ်ရက်တာကုန်ဆုံးသွားတဲ့အခါ
ဒီက ဘာသင်ခန်းစာယူပြီး
မနက်ဖြန်ရှေ့ဆက်မလဲ။
ဘဝဆိုတာ တိုတိုလေးပါ။
ကိုယ့်စိတ်နဲ့ ခန္ဓာဆိုတာ
နေ့စဥ် တည်ဆောက်နေရတဲ့အိမ်ပါ။
သေချာမတည်ဆောက်တဲ့အခါ
ဖရိုဖရဲဖြစ်နေမယ်။
Phyo Paing @ Derek