အချစ်ရေးမှာ ဒုက္ခတွေကြိမ်ကြိမ်ရောက်တယ်။
စာအုပ်တွေထဲက အဖြေရှာတယ်။
အချစ်ရေးအဆင်ပြေသွားတယ်။
ဝိတ်အကြိမ်ကြိမ်ချတယ်။
မကျဘူး။
စာအုပ်တွေထဲက အဖြေရှာတယ်။
နောက်ပိုင်း အပြောင်းအလဲဖြစ်သွားတယ်။
ငွေကြေးနဲ့ ကိုယ်နဲ့က အတူမနေဘူး။
ငွေကြေးအကြောင်းအဖြေရှာတယ်။
ဘဝမှာ ငွေကြောင့်စိတ်မညစ်ရတော့ဘူး။
ဝန်ထမ်းတွေ စီမံခန့်ခွဲရတာ
ပြဿနာ အကြိမ်ကြိမ်တက်တယ်။
စာအုပ်တွေဖတ်ပြီး အဖြေလိုက်ရှာတယ်။
အရာရာလွယ်ကူချောမွေ့သွားတယ်။
မှတ်ဥာဏ်မကောင်းလို့ စိတ်ညစ်တယ်။
စာအုပ်တွေထဲ အဖြေရှာတယ်။
မြန်နှုန်းမြင့်လေ့လာလို့ရလာတယ်။
လောကမှာ အဖြေရှာဖို့
ကိုယ်တိုင် သုတေသနလုပ်နေစရာမလိုတဲ့
အပိုင်းတွေရှိတယ်။
နေ့တိုင်းတစ်ရက်တစ်အုပ်လေ့လာလာတာ
သုံးနှစ်တိတိ ပြည့်တော့မယ်။
ဒီသုံးနှစ်အတွင်း သိထား၊ တတ်ထားတာတွေနဲ့
လူတွေကို ကူညီခွင့်ရတဲ့အတွက်လဲ
ကျေးဇူးတင်မိတယ်။
ပြဿနာအဖြေရှာဖို့ စာဖတ်ဖို့လိုတယ်။
စာအုပ်ကောင်းတွေက အမြင်ပြောင်းပေးတယ်။
တွေးပုံပြောင်းပေးတယ်။
တွေးတာပြောင်းရင်
ကြံစီတာလဲပြောင်းပြီ
လုပ်ဆောင်တာလဲပြောင်းပြီ။
ဘဝရလဒ်လဲပြောင်းပြီ။
ဘာကြောင့် စာအုပ်ဖတ်သလဲ?
“အဖြေရှာဖို့”။
Phyo Paing @ Derek