ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ
အပင်စိုက်သလိုပဲ။
ချက်ချင်းကြီး ကြီးလာတာ
တွေ့ရချင်မှ တွေ့ရလိမ့်မယ်။
“မှန်ကန်တဲ့နည်း”နဲ့
ပုံမှန်ရေလောင်းရင်
အချိန်ရောက်ရင်
တဖြည်းဖြည်းကြီးလာတာ
တွေ့ရလိမ့်မယ်။
ကံကောင်းရင် ပိုက်ဆံဆိုတာ
ချက်ချင်းရှာလို့ ဖြစ်သွားနိုင်ပေမယ့်
ကံကောင်းလို့
ချက်ချင်းပညာတတ်သွားတာ
အဲ့လိုတော့မရှိသေးဘူး။
ဦးနှောက်က ချိတ်ဆက်သင်ယူမှုအတွက်
အချိန်တော့ပေးရသေးတယ်။
Phyo Paing @ Derek