လောကကို ကျောချကတည်းက
မောရတယ်။
ငိုရတယ်။
ချော့တော့ ရယ်ရပြန်တယ်။
ငိုလိုက်၊ ရယ်လိုက်။
ဝမ်းနည်းလိုက်၊ ဝမ်းသာလိုက်။
အားငယ်လိုက်၊ အားတတ်လိုက်။
မျက်နှာမွဲဖြစ်လိုက်၊ ဂုဏ်ယူလိုက်။
နာကျင်လိုက်၊ သာယာလိုက်။
ဘဝက အစွန်းနှစ်ဖက်ကြားမှာ
လမ်းလျှောက်ကြရတယ်။
သေချာတာတစ်ခုက
လူတွေက တုန့်ပြန်တတ်တဲ့သားကောင်ဖြစ်တယ်။
ပြုံးပြရင် ခင်မင်မယ်။
မဲ့ပြရိုင်းပြရင် စိတ်ဆိုးမယ်။
ဘဝရဲ့ စိတ်ဆိုးစရာတွေကို
တိတ်တခိုးလေး ဖြေဖျောက်ပြီး
ဘဝရဲ့ အရိပ်ဆိုးတွေကိုထားပြီး
ကိုယ့်ရဲ့အနာဂတ်အတွက်
ကောင်းမွန်တဲ့ စေတသိတ်တွေနဲ့
ဆက် rolling လုပ်
လိမ့်နေဖို့လိုတယ်။
လိမ့်ရင်းအရှိန်ရ ပျံသန်းကြတာပေါ့။
Phyo Paing @ Derek