အမှန်တော့ မော်တီဗေးရှင်းလိုတာမဟုတ်ဘူး။
Philosophical Alignment လိုတာ။
“အတွေးအခေါ် ဖြေဆေး”လိုတာ။
ကိုယ့်ဦးနှောက်မှာ ဘေးချော်နေတဲ့
အတွေးအခေါ်တွေ တည့်အောင်
ချိန်ငြိိဖို့လိုတာ။
အတွေးမရှင်းရင် ရှုပ်တယ်။
ရှုပ်ရင် အလုပ် လုပ်လို့မလွယ်ဘူး။
အမှိုက်တွေနဲ့ ထွေပြားဝေဝါးနေတယ်။
လူတွေက မေးခွန်းရှိပြီး
အဖြေ”ကောင်းကောင်း” မရှိတဲ့အခါ
ကိုယ်မှာရှိထားတဲ့ အဖြေကို
အမှန်လို့ထင်ပြီး
ကိုယ်ထင်ထားတဲ့ အဖြေမှန်က
ကိုယ့်အမှိုက်တွေကို ရှင်းမပေးနိုင်တဲ့အခါ
ပိုရှုပ်လာတတ်တယ်။
အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
ကျွန်တော်လဲ အတွေးအခေါ်
ဖြေဆေး လိုက်ရှာရင်း
တွေ့ရှိချက်တွေကို နေ့စဥ်မျှဝေရင်း
ဘဝကို ဖြတ်သန်းနေပါတယ်။
Phyo Paing @ Derek