ပေးထားချက်နဲ့
မေးထားချက်ရှိတယ်။
ဘဝရဲ့ပေးထားချက်က
ပြင်မရတဲ့ မွေးဖွားရာဒေသ၊
မိသားစု၊ ငယ်ဘဝဖြတ်သန်းမှု။
မေးထားချက်က
ကိုယ့်ရဲ့စူပါပါဝါကို ဘယ်လိုရှာမလဲ။
ဘယ်လို ပျိုးထောင်မလဲ။
ဘယ်လိုအသုံးချပြီး
ကိုယ်ဖြစ်ချင်တာတွေကို
အကောင်အထည်ဘယ်လိုဖော်မလဲ။
ပေးထားချက်တိုင်းမှာ
အဓိပ္ပာယ်တွေ အများကြီးပါတယ်။
ချမ်းချမ်းသာသာမွေးလာတိုင်းလဲ
တစ်သက်လုံးဒီအတိုင်းဖြစ်သွားတာမဟုတ်သလို
ဆင်းဆင်းရဲရဲ မွေးလာတိုင်းလဲ
တစ်သက်လုံး ဒီအတိုင်းဖြစ်သွားတာမဟုတ်ဘူး။
လူတိုင်းမှာ ရွေးချယ်မှုတွေရှိတယ်။
ထိုင်နေမှိုင်နေပြီး လူအများလုပ်နောက်တွေနောက်
ဟိုယိုင်ဒီယိုင် ယိမ်းယိုင်နေလို့ရတယ်။
ဘေးထိုင်ဘုပြော၊ စိတ်ဓာတ်ကျအားငယ်နေလို့ရတယ်။
ဘဝကို ထုံးစံအတိုင်း အခက်အခဲကြုံရင်
ရုန်းကန်ပြီး အဖြစ်အပျက်တိုင်းကအဓိပ္ပာယ်ရှာ
ပြဿနာတွေကျော်လွှားပြီး
နောက်တစ်ဆင့်တက်လို့ရတယ်။
ဘဝကို Pro ပရိုကျကျ ဖြတ်သန်းဖို့
ပေးထားချက်ကိုအသုံးပြုပြီး
မေးထားချက်ကို သေချာနားလည်ဖို့လိုတယ်။
Phyo Paing @ Derek