အလုပ်အတွက် ဘဝကိုမပေးဆပ်လိုက်နဲ့။
အလုပ်က ဘဝအတွက် ဖြစ်ရမယ်။
ကျွန်တော့်အယူအဆကတော့
ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ထား။
အနာဂတ်မှာ AI နဲ့ Robotics က
နေရာတော်တော်များများကို
အစားထိုးသွားမှာပဲ။
အနှေးနဲ့ အမြန်ပဲကွာမယ်။
ဒီတော့ ကိုယ်လုပ်နေတဲ့နယ်ပယ်ကို
အကျွမ်းကျင်ဆုံးဖြစ်အောင်လုပ်ထား။
ကိုယ်ဖြေရှင်းနေတဲ့စျေးကွက်ပြဿနာကို
ထဲထဲဝင်ဝင်သိထား။
လိုအပ်တဲ့ အသိပညာတွေလေ့လာထား။
အမှတ်တံဆိပ်ကို တည်ဆောက်ထား။
ဘာသာစကားလိုအပ်ချက်တွေ
အကုန်လုံးဖြည့်ထား။
အနာဂတ်မှာ လူတစ်ယောက်နဲ့
အေအိုင်တစ်ခုဖန်တီးတဲ့လုပ်ငန်းက
သာမာန်ဥာဏစွမ်းအား အားနည်းတဲ့
လူအများကြီးလုပ်တဲ့လုပ်ငန်းတွေထက်
သာသွားမယ်လို့ယူဆတယ်။
လုပ်ငန်းတိုင်းက လုပ်အားပြိုင်နေတာမဟုတ်ဘူး။
လုပ်ငန်းတိုင်းက ဥာဏအားပြိုင်နေတာ။
ဘယ်သူက စျေးကွက်ပြဿနာကို
အသေသပ်ဆုံးဖြေရှင်းနိုင်မလဲ။
ဒီအဖြေကိုအကောင်းဆုံးပေးနိုင်တဲ့သူကနိုင်မှာပဲ။
နေ့တိုင်းကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်
ဖြည့်နေတာကလဲ
စီးပွားရေးလုပ်နေတာပဲ။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay