ကိုယ့်ဘဝအပြောင်းအလဲဖြစ်ဖို့
အိုင်ဒီယာသစ်တစ်ခု၊
အချိတ်အဆက်တစ်ခု၊
အကူညီတစ်ခု၊
သတင်းအချက်အလက်တစ်ခု၊
တွေးခေါ်တဲ့အမြင်ပုံစံတစ်ခု
အပြောင်းအလဲပဲလိုနိုင်တယ်။
အဲ့ဒီတစ်ခု ဆိုတဲ့အရာက
မှန်ကန်ပြီး တကယ်လိုက်လုပ်ရင်
တစ်ဆင့်တစ်ဆင့် အပြောင်းအလဲဖြစ်သွားမယ်။
ကမ္ဘာပေါ်မှာ လူအများစုက
မပျော်ဘူး။
ကမ္ဘာပေါ်က တချို့နေရာက
လူအများစုရဲ့
ခန္ဓာကိုယ်ပုံစံ ကြံ့ခိုင်မနေဘူး။
ကမ္ဘာပေါ်မှာ တချို့နေရာက
လူအများစု ကိုယ့်ဘဝကိုကိုယ်
စိတ်တိုင်းကျမနေဘူး။
သေချာတာ လူအများစုနောက်
လိုက်နေလို့ မရဘူး။
လူအများစုနောက်လိုက်ရင်
လူအများစုလိုပဲဖြစ်ဖို့များနိုင်တယ်။
ဒါကတော့ ကိုယ်ယူဆတဲ့
အယူအဆတစ်ခုပဲ။
ကိုယ့်အတွက်တော့ မှန်တယ်။
တခြားသူအတွက်တော့ မှန်ချင်မှမှန်မယ်။
Phyo Paing @ Derek