Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတိုင်းနဲ့ မတူချင်ဘူး။

ဘဝမှာ မဖြစ်ချင်ဆုံးက
တခြားသူနဲ့ ချွတ်စွပ်တူတာ။
အကြံဥာဏ်ကောင်းရဖို့
လေ့လာတာဖြစ်ကောင်းဖြစ်မယ်။
ကိုယ့်ဘဝ ကိုယ်ပုံစံအတိုင်းပဲ
ဖြတ်သန်းချင်တယ်။

ဘဝမှာ လူအများစုသတ်မှတ်ထားတဲ့
စံနှုန်းတွေနဲ့ ကိုယ်နဲ့မတူသလို၊
တွေးတဲ့ပုံတွေက ကိုယ်နဲ့
တော်တော်လေး အံမဝင်ဂွင်မကျဖြစ်နေတယ်။

လူအများသွားတဲ့လမ်းမရွေးတော့
ကြောင်တောင်တောင်ဖြစ်နေတယ်။
ဆယ်စုနှစ် နှစ်ခုကျော်တော့
ကိုယ်ပုံစံနဲ့ ကိုယ် ဘဝဖြတ်သန်းလို့ရလာတယ်။

ကျွန်တော်ကတော့ ဘဝကြီးကို
စမ်းသပ်တဲ့နေရာနဲ့
လူသားအတွေ့အကြုံ ယူကြနေရာလို့ထင်တယ်။

ရူးရူးမူးမူ ချစ်ဖူးတယ်။
ဘဝပျက်မတတ်လဲ ကြေကွဲဖူးတယ်။
စိတ်ဓာတ်လဲကျဖူးသလို
စမာန်တွေလဲတက်ဖူးတယ်။
အရမျးလဲဝဖူးသလို
ပြန်ပြီးလဲ ထိန်းဖူးတယ်။

ကိုယ့်ဘဝ ကိုယ့်စိတ်ကြိုက်နဲ့
ကိုယ့် playbook အတိုင်းသွား
ပျော်နေဖို့ အရေးကြီးတယ်။

လူတိုင်းနဲ့ မတူချင်ဘူး။
လူတိုင်းနဲ့ မပြိုင်တော့ဘူး။
ကိုယ်ဖန်တီးထားတဲ့ ကစားကွက်၊
ကိုယ်ကစားနေတဲ့ ဂိမ်းက
လူတွေနဲ့ မပြိုင်ဘဲနိုင်လို့ရတယ်လို့ယုံကြည်တယ်။

Phyo Paing @ Derek

Share Your Idea!​