မှန်တာတွေလုပ်မိဖို့က
မျက်စိမှိတ်ကြိုးစားတာထက်
အရေးကြီးတယ်။
မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုက
ကိုယ့်ကိုနောက်တစ်ဆင့်ရောက်စေနိုင်သလို၊
နောက်ပြန်လှည့်လို့မရတဲ့
မှားယွင်းတဲ့ဆုံးဖြတ်ချက်ဟာလဲ
တိုင်ပတ်မှုအပေါင်းကိုယူလာနိုင်တယ်။
မှန်တာတွေလုပ်မိဖို့
၁။ ကိုယ်လိုချင်တာကို ရှင်းရှင်းလင်းလင်းသိရတယ်။
၂။ ဆုံးဖြတ်ချက်မချခင် သိသင့်သိထိုက်တဲ့
သတင်းအချက်အလက်
သေချာစုစည်းပြင်ဆင်ဖို့လိုတယ်။
၃။ ဆုံးဖြတ်ချက်က နောက်ကြောင်းပြန်ရမရ
စဥ်းစားကြည့်ဖို့လိုတယ်။
၄။ ရွေးချယ်လို့ရတဲ့လမ်းကြောင်းတွေ
တစ်ခုချင်းကို အကောင်း၊ အဆိုး၊
အကြောင်း၊ အကျိုးချရေးပြီးသုံးသပ်ဖို့လိုတယ်။
၅။ ရှေ့မှာ ကိုယ့်လိုဆုံးဖြတ်ချက်ချခဲ့သူတွေရှိရင်
သူတို့ ဘာတွေဖြစ်သွားလဲ လေ့လာဖို့လိုတယ်။
၆။ ကိုယ့်ဆုံးဖြတ်ချက်ကြောင့်
တစ်လ၊ တစ်နှစ်၊ ဆယ်နှစ်အတွက်
အပြောင်းအလဲဘာတွေဖြစ်နိုင်လဲ
သုံးသပ်ကြည့်ဖို့လိုတယ်။
၇။ ဆုံးဖြတ်ချက်ကြီးကြီးတခါတည်းမချခင်
စမ်းသပ်မှုသေးသေးလေးတွေလုပ်လို့ရလား
ရရင် တစ်လှမ်းချင်းစမ်းကြည့်ပြီးမှ
ဆုံးဖြတ်ချက်ချ။
Phyo Paing @ Derek