အချိန်အများစု
ခံယူချက်နဲ့ အလုပ်လုပ်တဲ့သူ။
နောက်တစ်မျိုးက
ခံစားချက်နဲ့ပဲ အသားပေး
အလုပ်လုပ်တဲ့သူ။
ရေရှည်တိုးတက်ချင်တယ်ဆို
ကိုယ့်အလုပ်ကို
ခံယူချက်နဲ့လုပ်ဖို့လိုတယ်။
ခံယူချက်နဲ့အလုပ်လုပ်တဲ့အခါ
ပျင်းရိတာ၊
ငြီးငွေ့တာ၊
မလုပ်ချင်မကိုင်ချင်ဖြစ်တာ၊
အချိန်ဆွဲတာ၊
ပြဿနာတွေပဲထိုင်ပြောနေတာ၊
ဇွဲမရှိတာ၊
မဖြစ်နိုင်တာတွေပဲထိုင်စဥ်းစားနေတာ၊
တခြားသူကို အပြစ်တင်ချင်စိတ်ဖြစ်တာ
ဒါတွေနည်းလာမယ်။
ဘဝကို အထာကျကျဖြတ်သန်းဖို့က
ခံယူချက်က ခံစားချက်ထက်
ကျော်လွန်ဖို့လိုတယ်။
ရတောင့်ရခဲ ခြေလက်အစုံ
အကြား၊ အမြင်၊ ဥာဏ်၊
ငယ်ရွယ်နုပျိုမှု ရရှိထားတဲ့
လူ့ဘဝကို တန်ဖိုးထားခြင်း။
အချိန်ကို တန်ဖိုးထားခြင်း။
ကိုယ့်ကိုယ်ကိုယ်လေးစားခြင်း။
ပြဿနာကို အဖြေရှာတတ်ခြင်း။
အကောင်အထည်ဖော်မှုသေသပ်ခြင်း။
အလုပ်ကြိုးစားခြင်း။
အမြဲမပြတ်သင်ယူမှုရှိခြင်း။
ဘဝရဲ့ ခံယူချက်က
ခံစားချက်တွေရဲ့အရင်လာဖို့
အရေးကြီးတယ်။
Phyo Paing @ Derek