အလုပ်ကို နည်းနိုင်သမျှနည်းအောင်လုပ်ပြီး
ရလဒ်ကို များနိုင်သမျှများအောင်လုပ်။
ဒါကို နည်းနည်းလုပ်
များများရ leverage လို့ခေါ်တယ်။
ဥပမာဆယ်တန်းတုန်းက
သင်္ချာဆို အခန်း ၁-၈ စက်ဝိုင်းခန်းထိရပြီး
တစ်မှတ်တန် အခန်း ၁၂
differentiation ထိကြည့်ရင်
ဂုဏ်ထူးထွက်ကိုထွက်တယ်။
အခန်း ၈ ထိကလဲ အရမ်းလွယ်တယ်။
ဇီဝဗေဒဆို ယုန်အကြောင်း
Rabbit ကနေ နောက်အခန်းထိကြည့်။
အရှေ့က အပင်အခန်းတွေ နည်းနည်းပဲလုပ်။
ဂုဏ်ထူးထွက်ကို ထွက်တယ်။
ဒါက လိုချင်တဲ့ရလဒ်ရဖို့
နည်းနည်းလုပ် များများရဖို့
highly leveraged activities တွေကို
သတ်မှတ်တာပေါ့။
တက္ကသိုလ်မှာဆို ကြယ်ငါးပွင့်
5 stars တွေ ကြည့်၊
4 stars တွေအကုန်သိရင်
စာမေးပွဲအောင်သလိုပေါ့။
ဘဝမှာ နည်းနည်းလုပ်များများရဖို့
“အရေးကြီးတာ သိဖို့လိုတယ်။”
ဥပမာ ဒီနေ့ခေတ် လုပ်ငန်းငယ်လေး
ငွေများများရှာချင်ရင်၊
အရင်းအနှီးနည်းနည်းများများ
ငွေများများ မြန်မြန်ရှာချင်ရင်
နည်းနည်းလုပ် များများရ
highly leveraged activities မှာ
လူမှုကွန်ယက် social media ပါတယ်။
နောက် စီမံခန့်ခွဲမှုလုပ်နိုင်တဲ့နည်းပညာပါတယ်။
ဒီနှစ်ခုကောင်းကောင်းလုပ်နိုင်ရင်ကို
အမှတ်ပေးစည်းမျဉ်းအရ
ဂုဏ်ထူးမထွက်ရင်တောင်
အောင်မှတ်ရတယ်။
ဒါတွေလုပ်နိုင်ဖို့ နေ့စဉ်
အကြည်ဓာတ်မပျောက်စေနဲ့
အားတီ၊ အားမေတို့။
Phyo Paing @ Derek