တခါတလေ အရာရာကို
စိတ်ကုန်လာလို့
ကိုယ့်ကိုကိုယ်ဘဲ အာရုံစိုက်
ရင်းနှီးမြုပ်နှံမှုလုပ်လိုက်တယ်။
ကိုယ့်အတွေး၊
ကိုယ့်အကြံ၊
ကိုယ့်အလုပ်တွေပိုကောင်းမှ
တခြားသူတွေကိုလဲ ကူညီပေးနိုင်မယ်။
ပညာရေး၊ သင်ယူခြင်း၊ သင်ကြားခြင်း၊
နည်းပညာ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊
စီးပွားရေး၊ စိတ်ပညာ၊ မားကတ်တင်း၊
အတွေးအခေါ်ပညာ ဒီနယ်ပယ်တွေ
စိတ်ဝင်စားတယ်။
နေ့စဥ်လဲ ပိုနားလည်သဘောပေါက်အောင်
အချိန်ပေး စွမ်းအားတွေပေး
လေ့လာနေမိတယ်။
လောကမှာ စိတ်ညစ်ချင်ရင်
တခြားသူတွေကိုပြင်ပေးဖို့ ကြိုးစား။
ပိုကောင်းတဲ့ ကိုယ်ဖြစ်ချင်ရင်
ကိုယ့်ကိုကိုယ်ပြင်ပေးဖို့ ကြိုးစား။
Phyo Paing @ Derek