Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘယ်လောက်လက်ထဲမှာရှိတယ် ဘာစီးပွားရေး လုပ်ရမလဲ?

ရင်းနှီးမြုပ်နှံမှုထဲမှာ အကျိုးအမြတ်အများဆုံးကတော့ စီးပွားရေးဖြစ်သလို၊ risk အများဆုံးကလဲ စီးပွားရေးလုပ်ငန်းဖြစ်တယ်။

Business 101 အရ လုပ်ငန်းဆိုတာ
Problem တစ်ခုကို ဖြေရှင်းဖို့
ဖြစ်လာတာဖြစ်တယ်။
ပြဿနာမရှိရင်
စီးပွားရေးလုပ်ငန်းလဲမရှိဘူး။
ဒါကြောင့် ပထမ စဥ်းစားရမှာ
ကိုယ်က ဘာပြဿနာကို ဖြေရှင်းမလဲ?
ဒီပြဿနာကို ကြုံတွေ့နေတဲ့သူတွေ
ဘယ်လိုဖြေရှင်းနေလဲ?
အဆင်ပြေကြလား?
ကိုယ်က လက်ရှိထက်ပို ကောင်းအောင်
ဘယ်လို ဖြေရှင်းပေးလို့ရနိုင်မလဲ?
ကုန်ပစ္စည်းနဲ့လား? ဝန်ဆောင်မှုနဲ့လား?
ဒီပြဿနာအတွက်
လူတွေငွေဘယ်လောက်သုံးကြမလဲ?
စုစုပေါင်းစျေးကွက်ဘယ်လောက်ရှိသလဲ?
ဘယ်စျေးကွက်လေးကနေစမလဲ?
ဒီမေးခွန်းတွေပေါ်မူတည်ပြီး
Product/Service development ကို
စတင်ရင်း လုပ်ငန်းဆိုတာဖြစ်လာတာပါ။

ဘာလုပ်ငန်းလုပ်ရမလဲ
စဥ်းစားမည့်အစား၊
ဘယ်သူပြဿနာကို
အကောင်းဆုံးဖြေရှင်းမလဲ စဥ်းစားကြည့်ပါ။

Phyo Paing @ Derek

Share Your Idea!​