နိုင်ငံတစ်နိုင်ငံက ဆင်းရဲလေလေ
အချိန်ပိုအားပြီး
စိတ်ဖိစီးမှုများလေလေ
အဲ့နိုင်ငံက လူတွေရဲ့
အာရုံစိုက်မှု attention ရှာရလွယ်လေဘဲ။
ဒေါသထွက်အောင်လုပ်လို့လွယ်တယ်။
လောဘတက်အောင်လုပ်လို့လွယ်တယ်။
ပွဲဖြစ်အောင်လုပ်လို့ လွယ်လေပဲ။
တကယ်လို့ ကိုယ်က
လူအများစုနဲ့ မတူဘဲရုန်းထွက်ချင်ရင်
ပထမဆုံး အပြောင်းအလဲလုပ်ရမှာ
ကိုယ့်ရဲ့ “အာရုံ” ပဲဖြစ်ပါတယ်။
အာရုံကို ကိုယ့်ရဲ့ဘဝအတွက်
အမှိုက်သရိုက်ဖြစ်စေတဲ့အရာတွေမှာ
မစိုက်ဘဲ
ကိုယ့်အတွေး၊ အကြံ၊ အလုပ်ကို
သေချာ ဂရုပြုဖို့လိုတယ်။
မှန်တာတွေး၊ မှန်တာကြံ၊
မှန်တာလုပ်။
ဗုဒ္ဓရဲ့အဆုံးအမ
မဂ္ဂင်ရှစ်ပါးနဲ့လဲကိုက်တယ်။
Phyo Paing @ Derek