ကံကောင်းလိုက်တာနော်။
ဒါမျိုးကို အားကျတတ်ကြတယ်။
ကံကောင်းတာထက် ပိုကောင်းတာရှိတယ်။
ဒါကတော့ ဒူပေဒဏ်ပေခံသွားတာဖြစ်ပါတယ်။
အင်္ဂလိပ်လိုဆို antifragile ဖြစ်ပါတယ်
ဖိအားတွေ၊ စိတ်ဖိစီးမှုတွေ၊
မသေချာမရေရာမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ
ပိုပြီးတော့တောင် သန်မာအားကောင်းလာတဲ့
သဘောသဘာဝကို ဆိုလိုပါတယ်။
ဒီသဘောတရားကို
Nassim Nicholas Taleb က စတင်တီထွင်ခဲ့တာပါ။
ဥပမာများနဲ့ရှင်းပြရရင် –
၁။ ကြွက်သားစနစ် –
ဝိတ်မတဲ့အခါ ကြွက်သားတွေဟာ
အရင်ကထက် ပိုကြီးထွားလာပါတယ်။
ဒါဟာ antifragile ရဲ့ ဥပမာတစ်ခုပါ။
၂။ ကုမ္ပဏီတစ်ခုဟာ
စီးပွားရေးအကျပ်အတည်းကို
ကျော်ဖြတ်ပြီးတဲ့အခါ ပိုပြီးခိုင်မာလာတာမျိုး
၃။ စိတ်ဓာတ်ရေးရာမှာဆိုရင်
အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီးတဲ့အခါ
ပိုပြီးတောင့်တင်းလာတာမျိုး
အန်တီဖရာဂိုင်းက “ကံကောင်းချက်” နဲ့မတူပါဘူး။
ကံကောင်းချက်က ဖိအားတွေကြောင့်
ပျက်စီးသွားနိုင်ပေမယ့်
အန်တီဖရာဂိုင်းက ဖိအားတွေကြောင့်
ပိုအားကောင်းလာတဲ့သဘောပါ။
ဒီသဘောတရားကို နားလည်ထားခြင်းအားဖြင့်
ကိုယ့်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို
အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲစဉ်းစားနိုင်ပြီး
ပိုကောင်းတဲ့အနာဂတ်တစ်ခုအတွက်
အထောက်အကူဖြစ်စေပါတယ်။
Phyo Paing @ Derek