Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဗုဒ္ဓက သစ္စာလေးပါးမှာ
ဘဝဆို ဒုက္ခလို့ ဟောကြားခဲ့တယ်။

ဒါကြောင့် ဒုက္ခ မရှိတဲ့ဘဝကို
တောင့်တနေမည့်အစား
ဒုက္ခသစ္စာ ကြားမှာ
ဘဝကို အထာကျကျဖြတ်သန်းဖို့
ဆုံးဖြတ်ခဲ့တယ်။

ဒုက္ခဆိုတာ
ကိုယ်လိုချင်တာမရရင်ဒုက္ခ။
မလိုချင်တာရရင်လဲ ဒုက္ခ။

ဒါကြောင့် ကိုယ့်ဘဝကိုယ်ကို
အမြဲတမ်း သက်သောင့်သက်သာမဖြစ်နေအောင်
ဒုက္ခသေးသေးလေးတော့ နေစဥ်ပေးထားတယ်။

ဥပမာ အစားအသောက် စားချင်တယ်။
စားချင်တဲ့ စိတ်ကို ထိန်းတာမျိုး။
ကိုယ်ဖြစ်စေချင်တဲ့အတိုင်း
မဖြစ်လာတာကို အော်တို လက်ခံနေတတ်တာမျိုး။

Phyo Paing @ Derek

Share Your Idea!​