ဥာဏ်ရှိပြီး ပညာမရှိရင်
လိုချင်တာ ရအောင်ယူနိုင်ပြီး
ရထားတာ လိုချင်အောင်လုပ်ဖို့ ခက်နိုင်တယ်။
ဥာဏ်ရည်မြင့်ပြီး စိတ်မထိန်းနိုင်သူတွေ
အများကြီးတွေ့ဖူးလိမ့်မယ်။
ပညာရှိပြီး ဥာဏ်မရှိရင်
ဘဝမှာ နေတတ်မယ်။
ရောင့်ရဲတတ်မယ်။
ပျော်တတ်မယ်။
ကြီးကျယ်တဲ့ စိန်ခေါ်မှုတွေကို
ရင်ဆိုင်ကျော်လွှားဖန်တီးနိုင်ဖို့
အခက်အခဲဖြစ်နိုင်တယ်။
ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။
Phyo Paing @ Derek