ရုံးကပေးတဲ့ အကောင်းဆုံးဝန်ထမ်းဆုကို
မက်ပြီးအလုပ်တွေကြိုးစားရင်း
အလုပ်ထွက်ဖို့ မစဥ်းစားမိတော့ဘူး။
ဒါက ကောင်းတာလဲမဟုတ်၊
မကောင်းတာလဲမဟုတ်ဘူး။
ဘဝမှာ
လူတွေအသိအမှတ်ပြုတဲ့
ဘွဲ့တွေ၊ ဂုဏ်တွေနောက်လိုက်ရင်း
ကိုယ်ဘာကိုလိုချင်တယ်ဆိုတာ
သတိမထားမိတော့ဘူး။
ဘဝရဲ့ ပုံပြင်တွေကြားထဲပိတ်မိပြီး
သံသရာဆိုတာ မေ့ပြီး
တစ်ဘဝစာ ခဏတာအတွက်
မလုပ်သင့်တာတွေလုပ်မိတတ်တယ်။
ဘဝမှာ ကိုယ့်ရဲ့တပ်မက်စွဲလမ်းမှုတွေကို
မေးခွန်းပြန်ထုတ်ဖို့
အချိန်ပေးဖို့လဲ လိုသေးတယ်။
Phyo Paing @ Derek