မိုးကလင်းနေပြီ
မနက်က မရောက်သေးဘူး။
ပိုက်ဆံကတော့ရှိနေပြီ
ခုထိ မချမ်းသာသေးဘူး။
စိတ်တော့ချမ်းသာနေပြီ
အခုထိ မကျေနပ်သေးဘူး။
လူတွေသတ်မှတ်တဲ့စံနှုန်းတွေကို
ကိုယ့်ရဲ့စံနှုန်းတွေလို့ထင်ရင်
ဘောင်ထဲကထွက်ဖို့ခက်နိုင်တယ်။
ဘောင်ဆိုတာ အကာအကွယ်ဖြစ်သလို
ဘောင်ဆိုတာ ထောင်လဲဖြစ်တတ်တယ်။
ဘဝမှာ ဘောင်တွေကြောင့်
လှုံခြုံဖူးသလို
ဘောင်တွေကြောင့်
မွန်းကြပ်ဖူးလိမ့်မယ်။
ဘောင်ထဲမှာ လှုံခြုံနိုင်သလို၊
ဘောင်ပြင်မှာလဲ လွတ်လပ်နိုင်တယ်။
ကိုယ်က လှုံခြုံမှုကိုကြိုက်ရင်
ဘောင်ထဲမှာနေ။
လွတ်လပ်မှုက ကိုယ့်ရွေးချယ်မှုဆို
ဘောင် ပြင်ကို ခြေတစ်လှမ်းလောက်ထွက်ကြည့်။
Phyo Paing @ Derek