အကျဥ်းအကြပ်ထဲက ရုန်းထွက်နိုင်တဲ့
စွမ်းအားဘယ်လောက်ရှိသလဲ?
စမ်းသပ်တဲ့ပွဲတစ်ခုပဲ။
လုပ်ငန်းတစ်ခုနောက်ကွယ်မှာ
မိသားစုတွေ အများကြီးရှိတဲ့အတွက်
ကိုယ်က ဦးဆောင်သူဆို
စိတ်ဓာတ်ကျနေလို့ မရဘူး။
လုပ်ငန်းတစ်ခုလုပ်ဆောင်တယ်ဆိုတာ
ဖောက်သည်ရဲ့ပြဿနာကိုဖြေရှင်းသလို
နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းကိုလျော့ချပေးတာ၊
Economic growth ကို contribute လုပ်တာ
ဖြစ်ပါတယ်။
စိတ်မပျော်ဘူးဖြစ်နေပါသလား၊
ကိုယ်တိုင်လုပ်ငန်းလုပ်လိုက်
အိပ်မပျော်ဘူးပါဖြစ်သွားမယ်ဆိုတာ
ကြားဖူးကြလိမ့်မယ်။
အိပ်မပျော်တဲ့အကြောင်းအရင်းက
နှစ်ခုဖြစ်နိုင်တယ်။
ပထမတစ်ခုက စိတ်ညစ်လို့၊
ဘဏ်တိုးတွေပေးနေရတာ၊
Operating expense များတာဖြစ်နိုင်သလို
ကိုယ့်လုပ်ငန်းအတွက် ရင်ခုန်လွန်းလို့
အိပ်မပျော်တာလဲ ဖြစ်နိုင်တယ်။
ပထမတစ်မျိုးအတွက်က Consulting ယူသူတွေ
ဖြစ်တတ်ကြပြီး
ဒုတိယတစ်မျိုးအတွက်က
Coaching ကြတယ်။
Consulting ဆိုတာ problem-solving အတွက်
ဖြစ်တယ်။
Coaching ဆိုတာ continuous development အတွက်
ဖြစ်တယ်။
Marketing သမား၊ Coach ဖြစ်ချင်သူတွေကို
အသေးစိတ်သင်ကြားပြသပေးတာကိုတော့
Mentoring လို့ခေါ်ပြီး
ပြင်မရ စိတ်ညစ် ပြဿနာတွေပြောတာ
နားထောင်ပေးတာကို Counselling လို့ခေါ်တယ်။
Phyo Paing @ Derek