ကိုယ်လိုချင်တဲ့အရာတိုင်းကို
အဖြေရှာရမည့်
သုတသေနပုစ္စာ
research problem လို့စဥ်းစားကြည့်။
ဥပမာ Think and Grow Rich
အကြံဥာဏ်ဖြင့်ကြီးပွားခြင်း
စာအုပ်ကို ရေးသားပြုစုခဲ့တဲ့
နပိုလီယံဟေးက
လူတွေကို အောင်မြင်စေတဲ့အရာတွေကို
နှစ်ပေါင်း ၃၀ ကြာ သုတေသနလုပ်တော့
ဘာတွေ့တယ်ထင်သလဲ။
ပထမဆုံးအချက်က
“ပြင်းပြတဲ့ စိတ်ဆန္ဒ burning desire” တဲ့။
ဒီဆန္ဒကို အမြဲပြင်းပြနေဖို့
လောင်ဆာလိုတယ်။
ဒီလိုလုပ်ဖို့ ကိုယ့်ကိုကိုယ်
အထပ်ထပ်ပြောတဲ့စကားတွေအရေးကြီးတယ်။
ဒါကို affirmation နဲ့ ပြောင်းလို့ရတယ်။
ဥပမာ ငါဘာကြောင့်ကံဆိုးနေသလဲအစား
“နေ့စဥ်နေ့တိုင်း ငါသည်
ကိစ္စအဖက်ဖက်မှာ ပိုပိုတိုးတက်လာပြီ”
ဒီလို affirmation သုံးလို့ရတယ်။
နောက် ယုံကြည်မှုအရေးကြီးတယ်။
ကိုယ်ဖြစ်နိုင်တယ်ထင်ထင်၊
မဖြစ်နိုင်ဘူးထင်ထင်၊
သင်မှန်တယ်လို့ပြောတဲ့
ဟင်နရီဖို့ စကားလိုပဲ။
နောက်တစ်ခုက
ကိုယ်နဲ့ပေါင်းနေတဲ့အပေါင်းအသင်း။
ကိုယ့်ဘေးနားရှိတဲ့လူတွေရဲ့
အရည်အသွေးက
ကိုယ့်ဘဝ အရည်အသွေးပဲ။
တခြားလူအများမှာမရှိဘဲ
ကိုယ့်မှာဘဲရှိတဲ့ ကျွမ်းကျင်မှု
specialized knowledge
ပညာကို ဘွဲ့ရဖို့မသင်နဲ့။
ကိုယ့်ကို စျေးကွက်မှာ
အစားထိုးရခက်ဖို့သင်။
နောက်ပိုင်းမှာ ဘဝရဲ့သိချင်တာ၊
ဖြစ်ချင်တာ၊
အဖြေရှာချင်တာတွေအကုန်လုံးကို
သုတေသနပုစ္ဆာအတိုင်းစဥ်းစားကြည့်တယ်။
နောက်အဖြေရှာတယ်။
လိုအပ်သူတွေနဲ့ ပြန်လည်မျှဝေတယ်။
ဘဝဆိုတာ မသေမချင်းနေရမည့်နေရာ။
ဘဝမှာ မတောင်းဘဲရနေတာကတော့
ဖြေရှင်းရမည့် ပုစ္ဆာတွေပဲ။
ပုစ္ဆာတွေ အဖြေရှာနိုင်မှ
ရှုပ်တာတွေ ရှင်းသွားမယ်။
ဘေးထိုင်ဘုပြောတာအဖြေမဟုတ်သလို၊
ခိုလိုငြီးထွားနေတာကလဲ အဖြေမဟုတ်ဘူး။
ဘဝရဲ့အတန်းနောက်တစ်ဆင့်တက်ချင်ရင်
အဖြေရှာဖို့လိုတယ်။
Phyo Paing @ Derek