Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အတွေးအခေါ်တစ်ခုကြောင့် ကိုယ့်ဘ၀အပြောင်းအလဲဖြစ်သွားနိုင်တယ်။

Idea

အတွေးအခေါ်တစ်ခုကြောင့် အနာဂတ်ကို ရှင်းရှင်းလင်းလင်းမြင် ပွင့်သွားတဲ့အချိန်တွေရှိတယ်။ ဒါကို breakthrough ဖြစ်သွားတယ်လို့သုံးကြတယ်။ Barrier ကို break ဖြစ်ပြီးကျော်လွှားသွားလို့ဖြစ်တယ်။

ဒီလို ကိုယ်လိုအပ်နေတဲ့ idea ရသွားဖို့နည်းလမ်းမျိုးစုံသုံးကြတယ်။ စာဖတ်ကြတယ်။ သင်တန်းတက်ကြတယ်။ Video တွေ၊ Online Courses တွေတက်ကြတယ်။ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကိုမေးမြန်းကြတယ်။ နောက် Coaching ယူကြတယ်။

idea ရပြီးသွားရင် အကောင်အထည်ဖော် implementation လုပ်တဲ့အဆင့်ပါ။ အောင်မြင်တဲ့သူနဲ့ မအောင်မြင်တဲ့သူကို အဓိက ကွာခြားစေတဲ့အချက်တော့ speed of implmentation ပါပဲ။ သိထားတဲ့ idea ကို အမြန်ဘယ်လိုအသုံးချသလဲဆိုတာပါ။ နောက်တစ်ဆင့်ကတော့ ဘဝထဲမှာ ပေါင်းစည်းသွားတဲ့ integrate အဆင့်ဖြစ်ပါတယ်။

Training တစ်ခုတက်ပြီး motivation က တစ်ပတ်ပဲခံတယ်ဆိုတာ idea အဆင့်မှာပဲရပ်နေလို့ဖြစ်ပါတယ်။ ဒီ idea ကို အလုပ်ဖြစ်ဖို့အတွက် implementation အဆင့်နဲ့ integration အဆင့်လိုပါတယ်။ ဒါမှပဲ ideas that work ဖြစ်မှာပါ။ အတိုကောက်ဆိုရင်တော့ 3 I ပေါ့။ (Idea, Implementation, Integration)

၂၀၁၅ ကတည်းက ကျွန်တော်လုပ်ခဲ့တဲ့အလုပ်တော်တော်များများသည် ဒီ သုံးခုပေါ်မှာမူတည်ပါတယ်။ ဒီသုံးခုအတွက် Contents, Coachsultants (Coach/Consultants), Community နဲ့ကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

(P.S. လက်ရှိမှာ လုပ်ငန်းရှင်တွေနဲ့ Working Professionals တွေကို 3Cs နဲ့ကူညီပေးနေပါတယ်။

🎁Contents – ToeTet.com, www.Dreamlab.news, Sapwar (Content Marketing Agency for Business Owners, Trainers, Coaches and Consultants), Solution Providers – www.digitalseed.agency (Web development)

🎁Coachsultants – Akyanpay.com နဲ့ ကျွန်တော်ကိုယ်တိုင် www.drphyopaing.com

🎁Community – www.yec.edu.mm & Guerrilla Marketing Masterminds)

Phyo Paing @ Derek

Share Your Idea!​