Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီနေ့ဘာတွေ သင်ယူလိုက်ရလဲ။

ဒီနေ့ဘာတွေ သင်ယူလိုက်ရလဲ။
တစ်ရက်တာမှာ
အသစ်တစ်ခု မသင်ယူလိုက်ရင်
ရာဇဝတ်မှုကျူးလွန်တယ်လို့ပဲ
ကိုယ့်ကိုကိုယ် ယူဆတယ်။

ဘာလို့လဲဆို ကျွန်တော်ခံယူတာ
learning is the leverage ပဲ။

ကိုယ့်မှာရှိတဲ့ ၁၀ သိန်း ကို
သိန်း ၁၀၀၊ သိန်း ၁၀၀၀ ပွားစေနိုင်တဲ့
အရေးကြီး အခရာကျတဲ့အရာက
သင်ယူမှု learning လို့ပဲမြင်တယ်။

သင်ရင် မြင်မယ်။
မြင်ရင် မှားနေတာတွေပြင်လာနိုင်မယ်။

ငယ်ငယ်ကလေးမနူးမနပ်တုန်းကဆို
အမှဲစဉ်းစားတာ
သိန်း ၂၀၀ ရှိတယ်။ ၅၀၀ ရှိတယ်၊
၁၀၀၀ ရှိတယ်။
ဘယ်လုပ်ရင်ကောင်းမလဲ။
ဘားမှ မလုပ်နဲ့။
အိုင်ဒီယာမရှိ၊
စျေးကွက်မရှိ၊
ကျွမ်းကျင်မှုမရှိလုပ်ရင်
ကျားစားတာ ခံရလိမ့်မယ်။

အကောင်းဆုံးက
ကိုယ်ကျွမ်းကျင်အောင်လုပ်မည့်
နယ်ပယ်မှာ ဆရာတစ်စူဖြစ်အောင်
လေ့လာ။
လေ့ကျင့်။

ဒီက စတင်ရမှာပဲ။

သင်ယူမှုက ဆပွားတိုးတက်စေတဲ့
သော့ချက်ပဲ။

ဒါကြောင့် နေ့စဥ်သင်ယူမှုအသစ်မလုပ်လိုက်ရင်
ရာဇဝတ်မှုကျူးလွန်တယ်လို့ပဲ
ကိုယ့်ကိုကိုယ် ခံယူတယ်။

Phyo Paing @ Derek

Share Your Idea!​