အယူမှားတာလောက်
လူဖြစ်ရှုံးတာမရှိဘူး။
ဒါကြောင့်လဲ
မဂ္ဂင်ရှစ်ပါးမှာ ဗုဒ္ဓက
သမ္မာဒိဋ္ဌိ
မှန်ကန်တဲ့ အယူအမြင်ရှိဖို့
ဟောကြားခဲ့တယ်။
ဒါကြောင့်လဲ မိဘတွေ
လူတွေက မှန်ကန်တဲ့အယူအမြင်ရှိဖို့
ငယ်ကတည်းက
ပညာသင်ပေးခဲ့ကြတာဖြစ်တယ်။
ရုပ်ဝတ္ထုတွေရဲ့အကြောင်းသိဖို့
ရူပဗေဒပညာသင်ယူခဲ့ကြတယ်။
ဒြပ်ဝတ္ထုတွေရဲ့သဘောတရားနားလည်ဖို့
ဓာတုဗေဒသင်ယူခဲ့ကြတယ်။
သက်ရှိတွေရဲ့ သဘောသဘာဝနားလည်ဖို့
ဇီဝဗေဒသင်ယူခဲ့ကြတယ်။
ပြောဆိုဆက်ဆံနိုင်ဖို့
လူ့အသွားအလာနားလည်ဖို့
ဘာသာစကားတွေ သင်ယူခဲ့ကြတယ်။
ပြဿနာတွေကို ယုတ္တိကျကျ
ဖြေရှင်းနိုင်ဖို့ သင်္ချာပညာသင်ခဲ့ကြတယ်။
တခါတလေ ပညာသင်ပြီး
ပညာတတ်ချင်မှ တတ်တာ။
ဒါကြောင့် အိုင်စတိုင်းက
The only thing that interferes with
my learning is my education.” တဲ့။
ငါ့သင်ယူမှုအတွက်အဟန့်အတားက
ပညာရေးတဲ့။
တချို့ သာမန်ထက်ကျော်သွားတဲ့
လေ့လာသူတွေအတွက်
ကျောင်းတွေက ပညာသင်ပေးတဲ့နေရာမဟုတ်ပဲ
ပညာသင်ဖို့ ကန့်သတ်တဲ့နေရာ
ဖြစ်နေတတ်တယ်။
စဥ်းစားကြည့်လေ။
ကျောင်းတွေ အများကြီးတက်
ဘွဲ့တွေယူခဲ့ပြီး ပညာတွေတတ်ကြလား။
သာမန်တက္ကသိုလ်အများစုက
တတ်ချင်မှ တတ်လိမ့်မယ်။
တတ်သလိုလိုပဲဖြစ်လိမ့်မယ်။
ဒါက ဘွဲ့ရပညာမတတ်ဖြစ်လာစေတဲ့
အကြောင်းအရင်းတစ်ခုပဲ။
ဘဝမှာ အယူမမှားဖို့
ပညာရှာဖို့လိုတယ်။
Certificate ရှာရမှာမဟုတ်ဘူးလို့ထင်တယ်။
တကယ်လို့ ဒီ certificate ရရင်
အလုပ်ရမယ် ကျိန်းမသေရင်
တိုက်ရိုက်အသုံးတကယ်မဝင်ရင်ပေါ့။
အရေးအကြီးဆုံးက
အယူမမှားဖို့
ပညာသင် လေ့လာနေဖို့လိုတယ်။
Phyo Paing @ Derek