ဘဝမှာ ငွေကြေးအတွက်
ရုန်းကန်မှုလဲမလုပ်ရတော့ဘူး။
အနာဂတ်အတွက်လဲ
ငွေကြေးအတွက်စိတ်ပူစရာမလိုဘူး။
ကိုယ့်အလုပ်သဘောတရားအရလဲ
လောဘ၊ ဒေါသ၊ မောဟနဲ့
ဆက်စပ်စရာမလိုဘူးဆိုရင်
ဘဝကို အေးအေးချမ်းချမ်းနေလို့ရပြီ။
ဒီလိုဘဝနေချင်တဲ့အတွက်
“ဘဝနေထိုင်မှုအခြေပြု လုပ်ငန်း”
Lifestyle Business ဖက်ကို
ပြောင်းလာခဲ့လိုက်တယ်။
အစွန်းနှစ်ဖက်ဖြစ်တဲ့
လောဘအစွန်း၊ ဒေါသအစွန်း၊
မောဟအစွန်းမသွားတော့ဘဲ
မဇ္ဈိမပဋိပဒါနဲ့
ဘဝကို ဖြတ်သန်းကြည့်ဖို့
ဆုံးဖြတ်ချက်ချကြည့်တယ်။
ဗုဒ္ဓအဆုံးအမအတိုင်း
အကုသလ စေတသိတ် (၁၄) ပါးကိုရှောင်တယ်။
ဒါတွေက လူကိုထိုင်းမှိုင်းစေတယ်။
ဥာဏ်တုံးစေတယ်။
စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို
အဟန့်အတားဖြစ်စေတယ်။
ဒါတွေက
မောဟ (မသိမှု) – မသိနားမလည်မှု၊
အမှန်တရားကို မသိမြင်ခြင်း၊
တွေဝေခြင်း
အဟိရိက (မကောင်းမှုကို မရှက်ခြင်း) –
မကောင်းမှုပြုရာတွင် ရှက်ကြောက်မှု မရှိခြင်း
အနောတ္တပ္ပ (မကောင်းမှုကို မကြောက်ခြင်း) –
မကောင်းမှု၏ အကျိုးဆက်ကို မကြောက်ခြင်း
ဥဒ္ဓစ္စ (စိတ်ပျံ့လွင့်ခြင်း) –
စိတ်မတည်ငြိမ်ဘဲ လှုပ်ရှားပျံ့လွင့်နေခြင်း
လောဘ (တပ်မက်မှု) –
တပ်မက်ခြင်း၊ လိုချင်တပ်မက်မှု၊
လောဘရမက်ကြီးခြင်း
ဒိဋ္ဌိ (မှားယွင်းသော အယူအဆ) –
မှားယွင်းသော အယူအဆများကို စွဲလမ်းခြင်း
မာန (မာနမာန) – ထောင်လွှားမှု၊
မိမိကိုယ်ကို အထင်ကြီးခြင်း၊
မာနမာန ကြီးခြင်း
ဒေါသ (အမျက်ဒေါသ) –
အမျက်ဒေါသထွက်ခြင်း၊
စိတ်ဆိုးခြင်း၊ ရန်လိုခြင်း
ဣဿာ (မနာလိုခြင်း) –
သူတစ်ပါး ချမ်းသာမှု၊
အောင်မြင်မှုကို မနာလိုခြင်း
မစ္ဆရိယ (ဝန်တိုခြင်း) –
မိမိပိုင်ဆိုင်သည်ကို
မျှဝေရန် ဝန်တိုခြင်း
ကုက္ကုစ္စ (နောင်တ) –
ပြုလုပ်ပြီးသော အရာများအတွက်
အကျိုးမရှိသော နောင်တရမှု
ထိန (ထိုင်းမှိုင်းခြင်း) –
စိတ်ပျင်းရိခြင်း၊ ထိုင်းမှိုင်းခြင်း
မိဒ္ဓ (ငိုက်မျဉ်းခြင်း) –
ငိုက်မျဉ်းခြင်း၊ အိပ်ချင်မူးတူးဖြစ်ခြင်း
ဝိစိကိစ္ဆာ (ယုံမှားခြင်း) – သံသယဖြစ်ခြင်း၊
ဆုံးဖြတ်ချက်မချနိုင်ခြင်း။
ဒါတွေကို ရှောင်ပြီး
အေးချမ်းတဲ့ဘဝကို တည်ဆောက်ပြီး
သံသရာက တဖြည်းဖြည်းလွတ်မြောက်ဖို့ပဲ
စဥ်းစားမိတယ်။
Phyo Paing @ Derek