လုပ်ရပ်မတူရင်
ရလဒ် မတူဘူး။
များများလုပ်
နည်းနည်းရတဲ့အလုပ်ရှိတယ်။
နည်းနည်းလုပ်
များများရတဲ့အလုပ်ရှိတယ်။
နည်းနည်းလုပ်
များများရတာကို leverage လို့ခေါ်တယ်။
နည်းနည်းလုပ်များများရတာ
နည်းနည်းပဲလုပ်ချင်လို့မဟုတ်ဘူး။
လိုသလောက်ပဲလုပ်ရအောင်။
ဥပမာ ၈၀/၂၀ သီအိုရီကြားဖူးလိမ့်မယ်။
ပုံမှန် အလုပ်တစ်ခုတည်းကို
၁၀၀ ရာခိုင်နှုန်းအားထည့်ပြီး
၁၀၀ ရာခိုင်နှုန်းရမည့်အစား
ကျွန်တော်စဥ်းစားတဲ့ပုံတစ်ခုရှိတယ်။
တစ်ခုကို ၂၀ ရာခိုင်နှုန်းအားထည့်မယ်။
၈၀ လောက်ရမယ်ဆိုပါတော့။
၁၀၀ ရာခိုင်နှုန်းမှာ
၂၀ ကို ၅ ခုမှာ အားထည့်မယ်။
ဒါဆို ၈၀% စီရလို့
အလုပ် ၅ ခု ဆို ၄၀၀% ရမယ်။
၁၀၀% မဟုတ်တော့ဘူး။
ဒီ hypothesis အယူအဆကို
စမ်းသပ်ကြည့်တဲ့အနေနဲ့
ကိုယ့်ရဲ့မဟာဗျူဟာတွေ
အကုန်လုံးကို ပြောင်းလဲကြည့်တယ်။
၂၀% ကို အခုလို စာရေးတာ၊
ဗီဒီယိုအတိုတင်တာ၊
Youtube တင်တာ၊
စာအုပ်ထုတ်တာလုပ်တယ်။
၂၀% ကို ဒီဂျစ်တယ်ထုတ်ကုန်၊
ပလက်ဖောင်းလုပ်တယ်။
၂၀% ကို Master Your Flow,
Sapwar Marketing,
Akyanpay Mini-MBA လုပ်တယ်။
၂၀% ကို အကြံပေးခြင်းနဲ့
Software Outsourcing လုပ်တယ်။
၂၀% ကို ကိုယ်ရှယ်ယာ equity ပိုင်တဲ့
ကုမ္ပဏီတွေအတွက် အကြံပေးတယ်။
အလုပ်လုပ်တယ်လို့လဲမခံစားရဘူး။
ဘဝမှာ ဂိမ်းကစားနေရသလိုပဲ။
ဒီမဟာဗျူဟာကို
၂၀/၅ နှစ်ဆယ်ငါးလို့
ယာယီနာမည်ပေးထားတယ်။
တကယ်လို့ တစ်ခုထဲကို
အားကုန်ထည့်ရတာ
မကြိုက်တတ်တဲ့သူဆို
၂၀/၅ မဟာဗျူဟာသုံးကြည့်ကြည့်ပါ။
Phyo Paing @ Derek