Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝမှာ အခက်အခဲဆုံးကဘာလဲ။

ဘဝမှာ အခက်အခဲဆုံးကဘာလဲ။

သူများအတွက်တော့ မသိဘူး
ကိုယ့်အတွက်ကတော့
ကိုယ့်ကိုကိုယ် ထိန်းကျောင်းရတာ
အခက်ဆုံးပဲ။

ကိုယ့်စကားကိုယ်နားထောင်ဖို့၊
ကိုယ့်အမိန့်ကိုယ်နာခံဖို့က
အခက်အခဲဆုံးပဲ။

ကိုယ့်စကားကိုယ်နားထောင်တာကို
စည်းကမ်းရှိတယ်လို့
လူအများစုကဆိုကြတယ်။

ဥပမာ
မစားသင့်တာမစားတာ။
လုပ်သင့်တဲ့အလုပ်ကို
စိတ်မပါလဲလုပ်တာ။

အမှန်တော့
ကိုယ့်စကားကိုယ်နားထောင်ဖို့
ကိုယ့်ကိုကိုယ် နားလည်ဖို့လိုတယ်။

ကိုယ့်ကိုကိုယ် အမှန်တကယ်နားလည်ရင်
ဘဝရဲ့ ပြဿနာတော်တော်များများ
ရှင်းသွားပြီ။

ဒါကြောင့်လဲ တရားရှာ
ခန္ဓာတွေ့လို့ဆိုကြတာဖြစ်တယ်လို့ထင်တယ်။

လောကရဲ့ပြဿနာအများစုက
ကိလေသာတွေကြောင့်ဖြစ်တာ။
ကိုယ်နဲ့မထိုက်တာကို ရချင်တဲ့လောဘ။
လိုချင်တာမရ၊ ရထားတာမလို
ဖြစ်စေချင်သလိုမဖြစ်တဲ့အခါ ဖြစ်တဲ့ဒေါသ၊
အမှန်ကိုမမြင်တဲ့အတွက် မောဟ၊
မာန၊ ဒိဋ္ဌိ (မှားယွင်းသော အယူအဆ)၊
သံသယတွေများ အတွေးအခေါ်မရှင်းတဲ့
ဝိစိကိစ်ဆာ။
ဒီကိလေသာတွေ လိုတာထက်ပိုကပ်နေတာ
ကိုယ့်ကိုကိုယ် နားမလည်သေးလို့။

ဒါတွေကိုပယ်ဖို့
သီလ၊ သမာဓိ၊ ပညာလိုတယ်။

လိုက်နာရမည့်ကျင့်ဝတ်ကို
လိုက်နာရမည့် သီလ။
ဒါကိုလဲတော်တော်လေး
ကြိုးစားပြီး ထိန်းတော့နေတယ်။
အများကြီးလိုသေးတယ်။
အာရုံစူးစိုက်နိုင်တဲ့ သမာဓိ။
အကောင်းအဆိုး၊
အကြောင်းအကျိုးပေါ်မူတည်ပြီး
ထိုးထွင်းသိမြင်တဲ့ပညာ။
ဒီသုံးခုကို နေ့စဉ်ပြုစုပျိုးထောင်ဖို့လိုတယ်။

ကိုယ့်ကိုကိုယ် ထိန်းကျောင်းရတာ
လွယ်မလိုနဲ့ မလွယ်ပါဘူး။

Phyo Paing @ Derek

Share Your Idea!​