ကိုယ်သေချာနားမလည်တဲ့အရာကို
“မမုန်းပါနဲ့။”
မနေ့က လူတစ်ယောက်ဝတ်ထားတဲ့
T-shirt လေးတွေ့လိုက်တယ်။
Don’t hate what you don’t understand တဲ့။
ကိုယ်နားမလည်တာကို မမုန်းပါနဲ့တဲ့။
စဉ်းစားခြင်းက ခက်ခဲတယ်။
ဒါကြောင့်လူအများစုက
အထင်အမြင်နဲ့ဆုံးဖြတ်ချက်ချကြတယ်။
ဝမ်းနည်းဖို့ကောင်းတာ
လူမှုအဖွဲ့အစည်းတစ်ခုမှာ
ပညာဥာဏ်နည်းပါးလေလေ
အထင်အမြင်နဲ့ ဆုံးဖြတ်ချက်ချလေလေ။
ယုတ္တိနဲ့ ဆုံးဖြတ်ချက်နည်းလေလေ။
ဆုံးဖြတ်ချက်အမှားတွေချလေလေ။
လူအများစုက နားလည်ဖို့နားမထောင်ဘူး။
ပြန်ပြောဖို့ပဲ နားထောင်တတ်ကြတယ်။
ဘဝမှာ ဥပဒသတစ်ခုထားတယ်။
ကိုယ်သေချာနားမလည်တဲ့အရာကို
မမုန်းပါနဲ့။
လူတွေက ကိုယ့်ကိုဖျက်ဆီးနေတဲ့
အရာတွေကို ချစ်တတ်ကြပြီး
ကိုယ့်အတွေးအခေါ်နဲ့ဆန့်ကျင်တဲ့အရာတွေကို
မုန်းတီးတတ်ကြတယ်။
ကိုယ်သေချာနားမလည်တာကို
မမုန်းလိုက်ပါနဲ့။
အထင်အမြင်နဲ့ဆုံးဖြတ်ချက်ချမည့်အစား
အတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်ချပါ။
ဘာကွာလဲ အတွေးအခေါ်နောက်မှာ
အချက်အလက်၊ လောဂျစ်နဲ့
စဉ်းစားတဲ့အဆင့်တွေရှိတယ်။
Phyo Paing @ Derek