မွဲတယ်ဆိုတာ
အတိတ်ဘဝ ကံနည်းတာ
ပါရင်လဲပါမယ်။
အဓိက မွဲစေတာက
ဥာဏ်နည်းတာ။
ဥာဏ်နည်းရင် ပြလဲမမြင်ဘူး။
ဥာဏ်နည်းအောင်
စာမဖတ်ခိုင်းနဲ့။
ပညာမတတ်တာကို ဘွဲ့ပေး။
ဘွဲ့ရပညာမတတ်က
ဘွဲ့မရတာထက် ပိုဆိုးတယ်။
အလကားဘွဲ့ပေးလိုက်တာကို
ပညာတတ်တယ်လို့ ထင်သွားတာ။
ပညာမတတ်ရင်
မတွေးတတ်ဘူး။
မတွေးရင် မမြင်ဘူး။
ဒါကြောင့် အတွေးအမြင်လို့ခေါ်တာ။
မတွေးမမြင်တော့
ဦးနှောက်နဲ့မဆုံးဖြတ်တတ်ဘူး။
မျက်စိနဲ့မြင်တာကိုခံစားပြီး
ခံစားချက်နဲ့ပဲ ဆုံးဖြတ်တတ်မယ်။
ခံစားချက်နဲ့ဆုံးဖြတ်တော့
အဖြေမရှာတတ်ဘူး။
ခံစားချက်များလေ
ဥာဏ်နည်းလေ။
ဒါကြောင့် ဥာဏ်နည်းလေ
အဖြေရှာဖို့ထက်
အပြစ်တင်တတ်လေပဲ။
ကိုယ့်ကိုကိုယ်ဆုံးမရင်း
ရေးမိတာ။
Phyo Paing @ Derek