ငယ်ငယ်က အိမ်မှာ အဖေက
ဒီလို ဒဿနတွေ ကတ်ထားလေ့ရှိတယ်။
ကျွန်တော်လဲ တော်တော်သဘောကျတယ်။
ဒဿနတွေက ကျွန်တော့်ဘဝ
အစိတ်အပိုင်းအချို့ကို လွမ်းမိုးတယ်။
ဥပမာ
“ဆယ်တန်း ဆန်းတယ်
သတိထားကြိုးစား” ဆိုတာနဲ့
Motivation ယူပြီး ဆယ်တန်းကို အနိုင်ယူခဲ့တယ်။
ဝေဖန်မှုတွေကြားရတိုင်း
“ဘေးလူစကား နားထောင်ငြားက
သွားမည့်အရေးတစ်လှမ်းနှေး၏”
ဆိုတာမျိုးနဲ့ အလုပ်တွေကို စတင်ခဲ့တယ်။
English စာလေ့လာတော့လဲ အခြေခံတွေကို
“နှစ်လရာသီ in ကိုမှီ၊ နာရီနေ့ည at ကိုရ”
ဆိုတဲ့ အတိုကောက်တွေအရမ်းအသုံးဝင်တယ်။
ဒီတော့ ဒဿနကို အတိုချုံးချင်ခဲ့တယ်။
ဒီနောက်ပိုင်းမှာ
Entrepreneurship နဲ့ Marketing အပြင်
Philosophy, History နဲ့ Psychology အပိုင်းတွေ
တော်တော်လေးဖတ်ဖြစ်တယ်။
ဘဝဆိုတာ အကန့်လေးတွေမှာပါတဲ့
အကြောင်းအရာတွေကို
ဒဿနတိုတွေ ထုတ်လုပ်ချင်တယ်။
ကိုယ်တွေးထားတဲ့ အတွေးကို condense လုပ်ပြီး
စာတစ်စုနဲ့ ပေးချက်တဲ့ message ရောက်အောင်
သွားချင်တယ်။
ဒါနဲ့ 2016 က စတင်ပြီး ပုံတစ်ပုံထဲမှာ
ထည့်လို့ရတဲ့ စာနဲ့ စပြီး Facebook မှာ
တင်ခဲ့တယ်။
(Photo – ကျောက်မဲအိမ်က အဖေ့ရဲ့ ဒဿန)
Phyo Paing @ Derek