Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုတယ်။

လောကကြီးသူတို့ကောင်းကျိုးအတွက်
သင့်ကို အသုံးချနေတယ်။

KFC, McDonald ကစလို့
Cola သကြားရည်နဲ့
လူတွေသောက်သုံးတဲ့အရာတွေကစလို့
Facebook, Tik Tok
ဒီအရာတွေက သင့်ကိုစွဲလမ်းအောင်လုပ်ထားပြီး
Smart Phone Company တွေက
သူတို့ဖုန်းသုံးရင်
အချိန်ဘယ်လောက်ပိုသုံးတယ်
ဒီလိုတောင် တိုင်းတာပြောဆိုကြတယ်။

အရာရာက ကမ္ဘာကြီးတွေရဲ့
Profit အမြတ်နောက်လိုက်ရင်း
သာမန်လူတွေရဲ့ ဘဝကို
အများကြီးစတေးထားတယ်။

ဒါကြောင့် သာမန်လူတွေကို
ဦးနှောက်ဆေးထားတဲ့ လူ့လောကကြီးမှာ
ကိုယ့်အတွက် ကောင်းတာနဲ့
မကောင်းတာဆို
မကောင်းတာကိုပိုရွေးချယ်မိတတ်တယ်။

လူအများစုကိုကြည့်
မပျော်ဘူး။
လူအများစုကိုကြည့်
အကောင်းဆုံး ပုံစံနဲ့
စွမ်းရည်မရှိနေဘူး။
လူအများစုကိုကြည့်
ကိုယ့်ရဲ့အကောင်းဆုံး
အစွမ်းအစကို မထုတ်နိုင်ဘူး။

ဘာကြောင့်လဲဆို အစိုးရဘဲဖြစ်ဖြစ်၊
ကမ္ဘာကြီးတွေပဲဖြစ်ဖြစ်၊
စနစ်ကိုဦးဆောင်နေသူပဲဖြစ်ဖြစ်
အားလုံးက သင့်အတွက်
အရင်စဥ်းစားပေးတာမဟုတ်ပါဘူး။

ကိုယ့်အတွက် ကိုယ်စဥ်းစားဖို့လိုတယ်။

အတုအယောင်တွေကြားမှာ
ယုံကြည်မှုအမှားတွေနဲ့
လူတွေကို ထားရာနေ
စေရာသွားနိုင်ဖို့ ဒီဇိုင်းလုပ်ထားကြတယ်။

ကိုယ့်တာဝန်က ဒါတွေကို
ဖောက်ထွက်ပြီးမြင်နိုင်ဖို့။

ကိုယ့်ကို ပလေးနေတဲ့စနစ်ကို
ပြန်လည် ပလေးနိုင်ဖို့ အရေးကြီးတာပဲ။

ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​