ဒီတစ်နေ့ကို အလေအလွင့်မရှိအောင်
ပါရမီဖြည့်ကြည့်လို့ရနိုင်ပါတယ်။
ကိုယ့်မှာရှိထားတဲ့အရာတွေကို
မျှဝပေးတဲ့ ဒါန ပါရမီ။
ကိုယ့်ကိုလုပ်တာမကြိုက်တာကို
သူများကိုလဲမလုပ်နဲ့။
သီလပါရမီ။
မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင်
ဥာဏ်ပညာတိုးတက်အောင်လုပ်ခြင်း
ပညာပါရမီ။
ကိုယ်လိုချင်တာကို ရှင်းရှင်းလင်းလင်းသိပြီး
အာရုံစူးစိုက်မှုရှိပြီး
လုပ်မယ်ဆို ပြတ်ပြတ်သားသားလုပ်နိုင်တဲ့
အဓိဋ္ဌာနပါရမီ။
ကိုယ်လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်းကို
တစ်နေ့တစ်လှမ်းပုံမှန်ကြိုးစားခြင်း
ဝီရိယပါရမီ။
ကိုယ်ဖြစ်စေချင်တဲ့အတိုင်း
လူတွေစဉ်းစားတုန့်ပြန်မှုမပြုတဲ့အခါ
စိတ်ရှည်ရှည်ထားရတဲ့
ခန်တိပါရမီ။
ပေးထားတဲ့ကတိ တည်ဆောက်လုပ်တဲ့
သစ္စာပါရမီ။
လူတွေ သတ္တဝါတွေကို နားလည်ပြီး
ကိုယ့်အကျိုးစီးပွါးအတွက်မပါဘဲ
ဂရုဏာထားနိုင်တဲ့
မတျတောပါရမီ။
အဖြစ်အပျက်တွေကို
အကောင်း၊ အဆိုးဖြစ်လာတိုင်း
မတုန်လှုပ်ပဲ စိတ်ထားနိုင်တဲ့
ဥပေက္ခာပါရမီ။
ဒီကိုးပါးကတော့ နေ့စဉ်ဘဝမှာ
ကျင့်သုံးလို့ရတယ်။
နောက်ဆုံးတစ်ခုကတော့
ရံဖန်ရံခါဖြစ်ဖြစ်၊
အမြဲတန်းဖြစ်ဖြစ်
လောကီသုခကို စွန့်လွတ်ပြီး
ရဟန်းဝတ်တဲ့ နေက္ခမ္မပါရမီ။
နေ့စဉ်ဘဝမှာ ပါရမီတွေဖြည့်နေလား။
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို နေနေသလား။
Phyo Paing @ Derek