Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီလိုဖြတ်သန်းဖို့ ဥပဒေသ တချို့နဲ့နေကြည့်တယ်။

ဒီဘဝတစ်ခုကို ကောင်းကောင်းမွန်မွန်ပဲ
ဖြတ်သန်းချင်တယ်။

ဒီလိုဖြတ်သန်းဖို့ ဥပဒေသ တချို့နဲ့နေကြည့်တယ်။

၁။ စည်းကမ်းရှိပါ။ စည်းကမ်းသည်လူ၏တန်ဖိုးပဲ။
အလုပ်စည်းကမ်း၊ ကျန်းမာကြံ့ခိုင်ရေး၊ ငွေရေးကြေးရေး၊
ပေါင်းသင်းဆက်ဆံရေး၊ မိဘသားသမီး။

၂။ ကိုယ်ပိုင်အတွေးအခေါ်ရှိပါ။
ကိုယ်ပိုင်စဥ်းစားတဲ့ပုံစံ၊ တန်ဖိုးထားမှု၊ ယုံကြည်ချက်
ဒါတွေကိုရှင်းရှင်းလင်းလင်းသိမှ
ကိုယ်ပိုင်အတွေးအခေါ်ရှိမယ်။

၃။ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းကို နေ့စဥ်တည်ဆောက်ပါ။
တစ်သက်မှာတစ်ခါ လူလာလုပ်တာ။
ရည်ရွယ်ချက်တစ်ခုတော့ ရှိဖို့လိုတယ်။
လောကမှာ ထိန်းချုပ်လို့မရတဲ့အရာတွေအများကြီးပဲ။
ကိုယ့်ကိုကိုယ်တော့ ထိန်းချုပ်လို့ရတယ်။
ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်အောင်ကြိုးစား။
ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းတည်ဆောက်ပါ။

၄။ အနာဂတ်ပြဿနာတွေကို ကြိုတင်အဖြေရှာပါ။
ပြဿနာဖြစ်မှ မဖြေရှင်းနဲ့။
မဖြစ်သေးပဲ ဖြစ်နိုင်တဲ့ပြဿနာတွေကို
ကြိုတင်စဥ်းစား၊ အဖြေရှာထားပါ။

၅။ အပြစ်မတင်နဲ့ အဖြေရှာ။
အပြစ်တင်ဖို့ကလွယ်တယ်။
ဥာဏ်သုံးစရာမလိုဘူး။
အဖြေရှာဖို့က ပိုခက်တယ်။
ဦးနှောက်သုံးရတယ်။
အားထုတ်ရတယ်။
ဒီတော့ အပြစ်မတင်နဲ့ အဖြေရှာ။

၆။ ပြိုင်မငြင်းနဲ့ မေး။
လောကမှာ ကိုယ်မသိတာ၊ နားမလည်တာအများကြီး။
ကိုယ့်အထင်အမြင်ကိုယ် မှန်တယ်ထင်တာ
လူတွေကို စိတ်ဒုက္ခအပေးဆုံးပဲ။
ပြိုင်ငြင်းမည့်အစား မေးပါ။

၇။ စိတ်ရှည်ပါ။
အလုပ်ကို မြန်မြန်လုပ်။
စိတ်ကို ရှည်ရှည်ထား။
ဒီနှစ်ခုက မတူဘူး။
ကိုယ့်အနာဂတ်အတွက် တစ်လ၊ နှစ်လပဲမစဥ်းစားပါနဲ့။
လေးငါးဆယ်နှစ်လောက် ကြိုတင် စီမံကိန်းချပါ။
ပုံမှန်လုပ်ဆောင်တည်ဆောက်သွားပါ။

၈။ နယ်ပယ်တစ်ခုမှာ ထူးချွန်အောင်လုပ်ပါ။
လူတချို့က လမ်းပျောက်တာမဟုတ်ဘူး။
တစ်ဖက်ကမ်းခပ်ထူးချွန်တဲ့အရာမရှိတာ။
လူတွေ မျက်ကွယ်ပြုလို့မရအောင်
ကျွမ်းကျင်တဲ့အရာမရှိတာ။
ဒါကို mastery  လို့ခေါ်ပြီး
အချိန်ပေးလေ့ကျင့်ရပါတယ်။

၉။ လွတ်ချပါ။
တချို့ လူတွေ၊ အဖြစ်အပျက်တွေက
ကိုယ် ၁၀၀% ပြင်ပေးလို့မရနိုင်ဘူး။
ဒီတော့ လွတ်ချနိုင်တဲ့စိတ်ထားပါ။
စည်းခြားနိုင်တဲ့စိတ်ထားပါ။

၁၀။ နေ့စဥ် ဒီလေးခုနဲ့နေကြည့်ပါ။
တော်၊ ပျော်၊ ပွား၊ ပေး။
နေ့စဥ် ပိုတော်ရမယ်။
နေ့စဥ် စိတ်အေးချမ်း ပျော်ဖို့ ရွေးချယ်ပါ။
နေ့စဥ် ဝင်ငွေ ပိုတိုးပွားရမယ်။
နေ့စဥ် ကိုယ့်မှာ ပိုလျှံကျွမ်းကျင်တဲ့အရာကို
လူတွေကို မျှဝေပေးလို့ရတယ်။

၁၁။ ကိုယ့်အကျိုးစီးပွားကိုကြည့်ပါ။
ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်
အကျိုးမရှိစေတဲ့လူတွေနဲ့
အချိန်အများကြီး အကုန်မခံပါနဲ့။
လူတိုင်းက ကိုယ့်အတွက်၊
ကိုယ့်မိသားစု၊ လူမျိုး၊ ဒေသအတွက်
အရင်ကြည့်ကြတာကြီးများပါတယ်။
အကျိုးစီးပွားရှေ့ရှုပါ။

၁၂။ ကျေးဇူးတင်စိတ်နဲ့နေပါ။
ဒီနေ့အသက်ရှင်နေတာ
ကျေးဇူးတင်စရာပါ။
အသက်မငင်ရပဲအသက်ရှင်နေတာ
ကျေးဇူးတင်စရာပါ။

Phyo Paing @ Derek

Share Your Idea!​