လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့
တရုတ်တွေရွာထဲ ဝင်လာရင်တောင်
သူတို့ကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ
ရင်းနှီးမြုပ်နှံမှု နဲ့ ကြော်ငြာတတ်ရုံတစ်ခုတည်းနဲ့
မရပါဘူး။
အများစုထင်တာ ကြော်ငြာတတ်ရုံနဲ့
လုပ်ငန်းအောင်မြင်ပြီထင်တယ်။
လူတွေရဲ့ attention ကိုရတာ အောင်မြင်ဖို့ 30% ပဲမှန်တယ်။
လုပ်ငန်းတစ်ခုမှာ ရေရှည်ရပ်တည်နိုင်ဖို့ကတော့
Industry အကြောင်းကို ဘယ်လောက်နားလည်သလဲ
တခြားသူတွေထက် ဘာတွေ ပိုသိသလဲနဲ့ဆိုင်တယ်။
Marketing ဆိုတာ ဒီ industry အကြောင်းပိုသိအောင်လုပ်တာ။
Market Research, Marketing Research,
Consumer Buying Behavior, Customer Profiling,
ဒါတွေပြီးတော့မှ Market, Message, Media ဘာညာလာတယ်။
Electronic Gadget တွေရောင်းတော့ ကိုယ်တိုင်က
စားသုံးသူ၊ superuser ဆိုတော့ consumer psychology ကို
နားလည်တယ်။
Education ပိုင်းလာတော့ ကိုယ်တိုင်က အမြဲ
learning လုပ်နေတဲ့သူတစ်ယောက်ဆိုတော့
superlearner တွေ ဘယ်လို စဉ်းစားလဲဆိုတာ သိနေတယ်။
အစားအသောက် ကျွန်တော်မသိသေးဘူး။
ဒါပေမယ့် Marketing frame နဲ့ theory အရသွားရင်
အချိန်တိုအတွင်းမှာ သိနိုင်တယ်။
Wharton က Marketing Professor, Jay H. Baker
စကားအတိုင်းပြန်ပြောရရင် စျေးကွက်ထဲ
အောင်မြင်ချင်တယ်ဆိုရင် ဒီ formula လေးကို သတိရပါတဲ့။
Success = Product x Marketing
Product က 10 လောက်ကောင်း၊
Marketing ကလည်း 10 လောက်မှ
Success 100 ဖြစ်မယ်။
Product က ၁ ဖြစ်နေရင် 10 ပဲဖြစ်မှာပဲ။
Phyo Paing @ Derek