မမှန်ကန်တဲ့သူတွေမှာ
ရင်းနှီးမြုပ်နှံမှု မလုပ်ပါနဲ့။
ဝန်ထမ်းပဲဖြစ်ဖြစ်၊
ချစ်သူရည်းစားပဲဖြစ်ဖြစ်၊
လူတွေနဲ့ပတ်သက်ရတဲ့အခါ
မှန်ကန်တဲ့သူတွေမှာ
ရင်းနှီးမြုပ်နှံမှုပြုနိုင်ဖို့
အရေးကြီးတယ်။
မမှန်ကန်တဲ့သူတွေမှာ
ကိုယ့်အချိန်၊
ငွေကြေး၊
အာရုံစိုက်မှု၊
စွမ်းအင်
ရင်းနှီးမြုပ်နှံမှုပြုလုပ်ပြီး
သဲထဲရေသွန်ဖြစ်တဲ့အခါ
နာကျင်ရတတ်တယ်။
ဒါကြောင့် ရင်းနှီးမြုပ်နှံမှုမလုပ်ခင်
လူရွေးရရင်ရွေး။
ရွေးလို့မရတဲ့ ဆွေမျိုးတွေဆိုရင်
ဘယ်လောက်ထိလုပ်ပေးလိုက်မယ်
ဘောင်ထားတတ်ဖို့လိုတယ္။
ဘဝမှာ သံသရာခရီးအတွက်
အရင်းအနှီးတစ်ခုဆို မှားမယ်မထင်ဘူး။
မှန်ကန်တဲ့သူတွေမှာ
ရင်းနှီးမြုပ်နှံနိုင်ဖို့အရေးကြီးတယ်။
ဒီလိုဖြစ်ဖို့ မှန်ကန်တဲ့သူတွေကို
ရွေးချယ်နိုင်မှုက အရေးအကြီးဆုံးပဲ။
Phyo Paing @ Derek