ဘဝမှာ အခက်အခဲဆုံးအရာက
move on ဖြစ်ဖို့။
ဘဝမှာ ခဏခဏ
move on လုပ်ရတတ်တယ်။
ကိုယ်မျှော်လင့်ထားတဲ့အတိုင်း
ဖြစ်မလာတဲ့ အဖြစ်အပျက်တွေကို
နာကျင်စွာနဲ့ နှလုံးသွင်း
move on လုပ်ခဲ့ဖူးကြလိမ့်မယ်။
သင်ခဲ့တဲ့စာတွေနဲ့
လက်တွေ့ဘဝနဲ့မကိုက်တဲ့အခါ
သင်ခန်းဟောင်းတွေကနေ
move on လုပ်ရတယ်။
ဘဝမှာ လာရာတွေတူခဲ့ပေမယ့်
လားရာမတူတဲ့သူတွေရဲ့လမ်းခွဲမှုကနေ
move on လုပ်ရတတ်တယ်။
ခေတ်ပြောင်း၊ စနစ်ပြောင်းတဲ့အခါ
လိုအပ်တဲ့ စကေးအပြောင်းမှာ
စကေးအဟောင်းတွေကိုထားခဲ့
move on လုပ်ရပြန်တယ်။
ဖြစ်နေတဲ့ပုံစံကိုမကြိုက်တဲ့အခါ
လုပ်နေကျပုံစံတွေကိုစွန့်လွတ်ပြီး
move on လုပ်ရပြန်တယ်။
ဘဝမှာ သင်ခန်းစာယူပြီး
move on လုပ်နိုင်တိုင်း
အရာရာပိုကောင်းလာနိုင်တာ
ဘဝပါပဲ။
ဒါကြောင့် အရာရာပိုကောင်းဖို့
ဖြစ်လာတာပါလို့
အမြဲနှလုံးသွင်းဖြစ်တယ်။
Phyo Paing @ Derek