Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝမှာ ပြဿနာတွေကို
အဖြေရှာဖို့ နည်းပညာတွေ၊
စာအုပ်တွေကို
အများကြီးကူညီပေးခဲ့တယ်။

သူများတော့ မသိဘူး။
ကျွန်တော့်ဘဝမှာတော့
ပြဿနာတွေတော်တော်များတယ်။

လူတွေနဲ့ပေါင်းတတ်သင်းတတ်ဖို့
အခြေခံတွေ မလုပ်တတ်တော့
အဖြေရှာရတယ်။
အဖြေရှာတော့ “How to win friends and
influence people”
မိတ္တဗလဋီကာတွေဖတ်ဖြစ်လာတယ်။

ကိုယ်ကလဲငယ်ငယ်တည်းက
relationship နဲ့ပတ်သက်လာရင်
ပိုးပန်းဖို့အတွက်ကလဲ မတတ်။
ဒီတော့ လူတွေနဲ့စကားဘယ်လိုပြောရမလဲ
“How to talk to anyone” တို့ကစလို့၊
social engineering အကြောင်းတွေ
လေ့လာဖြစ်ပြန်တယ်။

ငွေများများရှာ တိုးတက်ချင်ပြန်ရော
ဒါနဲ့ “Think and Grow Rich” ကစလို့
တက်ကျမ်းတွေဖတ်ဖြစ်တယ်။
ရည်မှန်းချက်ပန်းတိုင်ချဖို့
Creative Visualization တို့ဖတ်ဖြစ်ပြန်ရော။

နောက်စာလေ့လာရတာကြာနေတယ်။
မှတ်ဥာဏ်တွေပိုကောင်း၊
စာတွေပိုဖတ်မြန်ချင်တယ်။
ဒါနဲ့ Accelerated learning နဲ့
စာအုပ်တွေဖတ်ရပြန်တယ်။

မိသားစုပြဿနာကတော်တော်ကြီးတော့
စိတ်ပညာပိုင်း၊ healing ပိုင်းတွေ
ဖတ်ပြီး အသုံးချရပြန်ရော။

လုပ်ငန်းစတော့ စွန့်ဦးတီထွင်မှုအပိုင်း၊
မားကတ်တင်းအပိုင်း၊
စီမံခန့်ခွဲမှုအပိုင်း ရှာဖွေရပြန်ရော။

လူတွေကိုအုပ်ချုပ်တော့
အုပ်ချုပ်ရေး၊ လူတွေရဲ့စိတ်ပညာနဲ့
စွမ်းဆောင်ရည်မြင့်ဖို့
နည်းလမ်းတွေရှာရပြန်ရော။

ဘဝမှာ ပြဿနာတွေကို
အဖြေရှာဖို့ နည်းပညာတွေ၊
စာအုပ်တွေကို
အများကြီးကူညီပေးခဲ့တယ်။

ကံကောင်းတာတစ်ခုကတော့
ကိုးတန်း၊ ဆယ်တန်းပြီးတော့
အင်္ဂလိပ်စာလေးဖတ်တတ်လာတာပဲ။

Phyo Paing @ Derek

Share Your Idea!​