ဘဝမှာ မပြောင်းလဲတဲ့
အမှန်တရားတွေရှိတယ်။
အသက်ရှင်နေသမျှ
ဒုက္ခဆင်းရဲတွေရှိနေမယ်။
နည်းတာနဲ့ များတာပဲကွာမယ်။
ဒုက္ခကို အကြမ်းနှစ်မျိုးခွဲလို့ရတယ်။
စိတ်ဆင်းရဲခြင်းနဲ့
ကိုယ်ဆင်းရဲခြင်းဒုက္ခ။
ကိုယ်ဆင်းရဲခြင်းနည်းဖို့
ကျန်းမာရေး၊ ကြံ့ခိုင်ရေးအရေးကြီးတယ်။
စိတ်ဆင်းရဲခြင်းနည်းဖို့
လောကဓံရှစ်ပါးကို
မတုန်မလှုပ်ဖြတ်သန်းနိုင်ဖို့လိုတယ်။
ဒါကို ဥပက္ခာတရားလို့ခေါ်တယ်။
ဥပက္ခာတရား equanimity ဆိုတာ
လျစ်လျူရှုတာမဟုတ်ဘူး။
မတုန်မလှုပ်ဖြတ်သန်းတာ။
Phyo Paing @ Derek