အနာဂတ်ပြဿနာကို
ကြိုတင်ဖြေရှင်း။
တချို့ပြဿနာတွေက
ဖြစ်တဲ့အချိန်မှ ဖြေရှင်းရင်
အချိန်ပိုကြာတယ်။
ပျက်ပြီးမှ ပြင်ရင်
အချိန်ပိုကြာတယ်။
ဒါကြောင့် ပြဿနာအများစု
မဖြစ်ချင်ကတည်းက
ကြိုတင်အဖြေရှာတာ
ပိုကောင်းတဲ့အကျင့်တစ်ခုပဲ။
ဒီလိုလုပ်ဖို့ အနာဂတ်ကို
ကြိုတင်ခန့်မှန်းထားဖို့လိုတယ်။
ဒီလိုကြိုတင်ခန့်မှန်းနိုင်ဖို့
ကိုယ့်သမိုင်း၊ တချို့သူတွေရဲ့သမိုင်းကို
ပြန်ကြည့်ဖို့လိုလာတယ်။
သေချာတယ် အနာဂတ်မှာ
အားလုံး အိုကြမှာပဲ။
ဒီနေ့က အသက်အငယ်ဆုံးနေ့။
မှန်ကြည့်တိုင်း ရုပ်ရင့်လာမှာပဲ။
နာကြမှာပဲ။
ဖျားမယ်၊ အရိုးအဆစ်တွေမသန်းတော့ဘူး။
ဂရုမစိုက်ရင် နာတာရှည်ရောဂါဖြစ်နိုင်တယ်။
သေကြမှာပဲ။
သေဖို့မကျင့်ထားရင် အသက်ထွက်မှ
ရုန်းရင်းဆန်ခတ်ဖြစ်နေမယ်။
ဘာသာတရား သို့ ကိုယ်ယုံကြည်တဲ့
အဓိပ္ပာယ်တစ်ခုခုလိုတယ်။
ဒီနေ့မှာ အဆင်ပြေနေတိုင်း
မနက်ဖြန်မှာ အဆင်ပြေဖို့မသေချာဘူး။
ဒီလို အခက်အခဲတွေအတွက်
ကြိုတင်အဖြေရှာထားဖို့လိုတယ်။
ဆေးကျောင်းတက်နေရင်းနဲ့
ငါ ကျောင်းပြီးလို့
ဆေးကုတဲ့အလုပ်မလုပ်ဖြစ်ရင်
ဘာလုပ်မလဲ။
တခြားပညာရပ်တစ်ခုကို
အသက်မွေးမှုအနေနဲ့ပြန်လေ့လာရမယ်။
ဒီတော့ ဆေးကျောင်းတက်ရင်း
သင်ယူမှုမြန်နှုန်းမြင့်အကြောင်း
accelerated learning ကို
လေ့လာထားမယ်။
အဲ့လိုပဲ အလုပ်သင်ဆရာဝန်လုပ်နေရင်း
ငါနောက်နှစ်ဆို ဘွဲ့ရပြီ။
ဘွဲ့ရပြီး ဆေးကုတဲ့အပိုင်းမသွားရင်
ငွေရှာဖို့အခြေကျတဲ့လုပ်ငန်းလုပ်ရမယ်။
ဒါနဲ့ Getmebook linux tablet တွေစရောင်းတယ်။
iPhone Software တွေ freelance လုပ်တယ်။
အဲ့ခေတ်က jailbreak ခေတ်။
လုပ်တတ်တဲ့သူနည်းသေးတယ်။
ထင်တဲ့အတိုင်းဖြစ်မလာဘူး။
ဒါဆို စီးပွားရေးလုပ်ရင်
ပြဿနာတွေကတော့ ကြုံရမှာပဲ။
ဒီပြဿနာတွေ မကြုံတော့အောင်
ဘာလုပ်ရမလဲ။
ဒါနဲ့ စီးပွားစီမံမှု ဒီပလိုမာတက်တယ်။
တက်ပြီးတော့ မေ့သွားရော။
ငါမမေ့ဖို့ဘယ်လိုလုပ်ရမလဲ။
ဒါနဲ့ စာပြန်သင်ဖြစ်တယ်။
ဆေးကုမ္ပဏီတစ်ခုမှာ
အရောင်းနဲ့မားကက်တင်းအပိုင်းလုပ်နေရင်း။
အနာဂတ်မှာ corporate မှာလုပ်ဖူးတယ်။
စီးပွားရေးပညာတတ်တယ်
ဘာထပ်လိုမလဲ။
အဲ့တော့ MBA တက်ရင်း
ဖုန်းဆိုင်ဖွင့်တယ်။
ဖွင့်တော့ပြဿနာက ထပ်ကြုံပြန်ရော။
စျေးရောင်းကောင်းဖို့
Guerrilla Marketing Coach – Myanmarကိုအသုံးချ၊
ငါဒါကို မလုပ်ချင်တော့ရင်
ဘယ်လိုလုပ်မလဲဖြစ်လာတယ်။
ဒါနဲ့ ကိုယ့်ဝန်ထမ်းညီလေး ဖိုးလပြည့်ကို
မန်နေဂျာဖြစ်အောင်သင်ပေး။
သူနဲ့ လွဲဖို့လုပ်တယ်။
၈ နှစ်ပြည့်တော့ သူ့ကိုလွဲပေးခဲ့တယ်။
အဲ့လိုပဲဲ ၂၀၁၈ တစ်နှစ်လုံးက
စင်ပေါ်ကနေကို မဆင်းရဘူး။
တစ်လကို ရက် ၂၀ က
စင်ပေါ်မှာ training ပေးနေရတယ်။
ဒူးတွေနာလာတော့ ပြန်စဥ်းစားမိတယ်။
ငါတစ်ရက် ဒီလိုစာမသင်နိုင်ရင်
ဘယ်လိုလုပ်မလဲ။
ဒါနဲ့ Toe Tet Online Learning Platform
ဖြစ်လာတယ်။
ဒီလိုပဲ ဘဝရဲ့ပြဿနာအများစုကို
ကြိုတင်အဖြေရှာလိုက်၊
နဖူးတွေ့ဒူးတွေ့ကြုံတဲ့အခါ
နောက်မဖြစ်အောင်လုပ်လိုက်နဲ့
ဘဝကို ပိုကောင်းတဲ့ ဗားရှင်းတည်ဆောက်လာတယ်။
ပိုကောင်းတဲ့ဘဝတည်ဆောက်ဖို့
အနာဂတ်ပြဿနာတွေကို
ကြိုတင်အဖြေရှာဖို့လိုတယ်။
Phyo Paing @ Derek