ကျွန်တော်တို့ထင်ထားတဲ့သူတွေက
ကျွန်တော်တို့ထင်ထားတဲ့သူတွေ
ဟုတ်ချင်မှ ဟုတ်မယ်။
အချိန်နဲ့အမျှပြောင်းလဲနေတတ်တယ်။
မတူတဲ့နေရာ၊ ပတ်ဝန်းကျင်၊
မတူတဲ့သူတွေနဲ့တွေ့ပြီး၊
မတူညီတဲ့အိုင်ဒီယာနဲ့
မတူညီတဲ့ပုံစံတွေတွေးပြီး၊
မတူညီတဲ့ယုံကြည်မှုနဲ့ ဆန္ဒဖြစ်ပေါ်ပြီး
မတူညီတဲ့လုပ်ရပ်တွေလုပ်တတ်ပြီး
မတူညီတဲ့သူတစ်ယောက်အဖြစ်မြင်ရနိုင်တယ်။
ကျွန်တော်တို့ရဲ့အနီးဆုံးလူတွေက
ထင်ထားတဲ့ လူတစ်ယောက်တည်း
ကိုယ်ရည်ကိုယ်သွေးတစ်ခုတည်းမဟုတ်ဘူး။
Phyo Paing @ Derek