မနက်ဖြန်တွေထက်
ပိုက်ဆံတွေကို ပိုယုံကြည်တာကောင်းတတ်တယ်။
ဘာကြောင့်လဲဆို
မနက်ဖြန်က မသေချာဘူး။
ပိုက်ဆံရှိရင်က မနက်ဖြန်မှာ
သုံးလို့ရမှာသေချာတယ်။
ကိုယ်ချစ်တဲ့အလုပ်ကိုပဲလုပ်နေပြီး
ငွေကြေးကို မစုစောင်း
မပွါးရင် ရေရှည်အဆင်ပြေဖို့မလွယ်ဘူး။
အနာဂတ် အလုပ်အကိုင်ရဲ့
သဘောတရားအပြောင်းအလဲရှိမယ်။
ဒီနေ့လုပ်နေတဲ့အလုပ်
နောက်နှစ်ထဲ ဘာဖြစ်မလဲမသိဘူး။
လူလတ်တန်းစားတွေနည်းလာမယ်။
ဆင်းရဲချမ်းသာမှု ကွာဟချက်ပိုများလာမယ်။
နည်းပညာအသုံးပြုနိုင်
စျေးကွက်ပြဿနာအနံ့ခံနိုင်
ဖြေရှင်းနိုင်ရင် လုပ်ငန်းပိုကြီးလာမယ်။
ပိုနေမြဲ ကျားနေမြဲနေနေရင်
တစ်ပတ်နဲ့တစ်ပတ်မတူညီတဲ့
အပြောင်းအလဲတွေက
ကိုယ့်အနာဂတ်ကို တိုက်စားသွားနိုင်တယ်။
နည်းပညာကို ပုံမှန်လေ့လာ၊
စျေးကွက်နဲ့ အဆက်မပြတ်စေနဲ့။
ရတဲ့ငွေ ပုံမှန်ထိန်းသိမ်း၊
ပုံမှန် ပြန်ပွား။
မနက်ဖြန်က မသေချာဘူး။
ပိုက်ဆံက သေချာတယ်။
မနက်ဖြန်အတွက် ပိုက်ဆံကို
သေချာစီမံ။
ဒါကတော့ ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်နေပြီး
ပိုက်ဆံပြန်ပွါးဖို့ မေ့သွားတဲ့သူတွေအတွက်။
Phyo Paing @ Derek